DVB Logo
Home
Lead Story
မိုရီဆာကီဝင်းနှင့် နေခြည်ဦးတို့ ပါဝင်သည့် ‘အိပ်မက်တွေ မိုးထားတဲ့အိမ်’ ဇာတ်လမ်းတွဲ ရိုက်ကူးမည်
DVB
·
July 31, 2019
မိုရီဆာကီဝင်းနှင့် နေခြည်ဦးတို့ ပါဝင်သည့် ‘အိပ်မက်တွေ မိုးထားတဲ့အိမ်’ ဇာတ်လမ်းတွဲ ရိုက်ကူးမည်
Donate to DVB

     မြန်မာပရိသတ်အချစ်တော် အဆိုတော် သရုပ်ဆောင်မင်းသား မိုရီဆာကီဝင်းနဲ့ နေခြည်ဦးတို့ ပါဝင်ကြမယ့် “အိပ်မက်တွေ မိုးထားတဲ့ အိမ်” ဇာတ်လမ်းတွဲကို လာမယ့် အောက်တိုဘာလမှာ စတင်ပြီး ရိုက်ကူးသွားဖို့ ရှိနေပါတယ်။

     ဒီဇာတ်လမ်းတွဲကိုတော့ Myanmar Media 7 နဲ့ MNTV ရုပ်သံတို့ ပူးပေါင်းတင် ဆက်လိုက်တာဖြစ်ပြီး မိုးစက်ဝိုင်ရဲ့ ဇာတ်ညွှန်းကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးပုံ ဖော်ပေးသွားမှာ ဖြစ်ပါတယ်။

     ဒီကားထဲမှာ တခြားသရုပ်ဆောင်တွေအနေနဲ့ ချမ်းမင်းရဲထွဋ်၊ အောင်လေး၊ အုပ်စိုး ခန့်၊ ညီနန္ဒ၊ ရွှေရင်အေး၊ သဲနန္ဒာစိုး၊ မေနွယ်ထွန်း၊ ဝမ်ဝမ်း၊ ကေညီစတဲ့ သရုပ်ဆောင်တွေ လည်း ပါဝင်မှာ ဖြစ်ပါတယ်။

     ပရိသတ်တွေက အ၀င်းလို့ ချစ်စနိုးခေါ်ကြတဲ့ အသက် ၂၈ နှစ်အရွယ် မိုရီဆာကီ ဝင်းကတော့ မြန်မာပရိသတ်တွေသာမက ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာ ရရှိထားတဲ့ အနုပညာရှင်တဦးဖြစ်ပါတယ်။

PrizmaX အမည်နဲ့ ဂျေပေါ့အမျိုးသားတေးဂီတအဖွဲ့နဲ့အတူ အောင်မြင်မှုတွေ ရရှိ ထားသလို ဂျပန် ရုပ်သံဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ကားတွေမှာပါ သရုပ်ဆောင်တယောက် အနေနဲ့ပါ လှုပ်ရှားနေသူတဦး ဖြစ်ပါတယ်။

မြန်မာလူမျိုးဖြစ်ပြီး ဂျပန်နိုင်ငံမှာ အခြေချနေထိုင်တဲ့ အ၀င်းက ဒါရိုက်တာ ကြည် ဖြူသျှင်ရိုက်ကူးတဲ့ ဇာတိမြေရုပ်ရှင်ကားကြီးမှာလည်း ပရိသတ်အားပေးမှု ရရှိခဲ့သလို သူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်ကား Ready Player One ရုပ်ရှင်နဲ့လည်း ပရိ သတ်တွေက သတိပြုအားပေးခဲ့ကြတာမို့ ခုလာမယ့် ဇာတ်လမ်းတွဲဟာလည်း ပရိ သတ်တွေအတွက် စိတ်လှုပ်ရှားစရာ ဖြစ်နေခဲ့ပါတယ်။

Beauty Blogger တယောက်အနေနဲ့ လူသိများခဲ့ပြီးမှ သရုပ်ဆောင် အနုပညာ အ လုပ်တွေဘက်ကို ခြေဦးလှည့်လာခဲ့တဲ့ နေခြည်ဦးကိုတော့ ပရိသတ်တွေက နေမင်း၊ ၀တ် မှုန်ရွှေရည်တို့နဲ့ အပြိုင်သရုပ်ဆောင်ခဲ့တဲ့ ပထမဆုံးရုပ်ရှင် ရန်သူနဲ့တင် လက်ခံအားပေးခဲ့ ကြတာမို့ ခုတခါ အ၀င်းနဲ့တွဲဖက် သရုပ်ဆောင်မှုအပေါ်လည်း စိတ်ဝင်စားနေကြတာ ဖြစ် ပါတယ်။

 

ရွှေထူး၊ ရွှေမှုံရတီတီု့နဲ့အတူ နေခြည်ဦးပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဒဏ္ဍာရီမိုးရုပ်ရှင်ကို တော့ သိပ်မကြာသေးခင်ကမှ ရုံတင်ပြသခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013