Home
အနုပညာ
အဆိုတော်အိမ့်ချစ် အာဆီယံသီချင်းဆိုပြိုင်ပွဲတွင် တတိယဆုရ (ရုပ်သံ)
DVB
·
July 31, 2019
ဗီယက်နမ်နိုင်ငံ၊ ကွမ်နင်းမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံသီချင်းဆိုပြိုင်ပွဲမှာ အဆိုတော် အိမ့်ချစ်က ကိုယ်တိုင်ရေး အင်္ဂလိပ်သီချင်းတပုဒ်နဲ့အတူ တတိယဆုကို ဆွတ်ခူး ရရှိခဲ့ပါတယ်။ ASEAN+3 SONG CONTEST 2019 အမည်ရတဲ့ အဆိုပါ သီချင်းဆိုပြိုင်ပွဲမှာ အိမ့်ချစ်က သူ့ရဲ့ Slay တေးအယ်လ်ဘမ်ထဲက သီချင်းတပုဒ်ဖြစ်တဲ့ Stuck သီချင်းနဲ့ ပါဝင် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို Voice of Vietnam (VOV) က စီစဉ်ကျင်းပတာဖြစ်ပြီး ဖိုင်နယ်ပွဲ စဉ်ကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို အာဆီယံနိုင်ငံတွေမှ နာမည်ကြီး အဆိုတော် ၂၂ ယောက် ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်က ပြုလုပ်တဲ့  ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံမှ အဆိုတော် နီနီခင် ဇော်က မျှော်လင့်ချက်တစုံတရာ သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ဖူးပြီး ဒုတိယဆု ရရှိခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024