DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်ပေါ် ကြည့်ရှုသူ ၅ သန်းကျော်ရှိနေသည့် ‘သူစိမ်းအိမ်’ရုပ်ရှင်(နမူနာ)
DVB
·
July 31, 2019
ဖေ့စ်ဘွတ်ခ်ပေါ် ကြည့်ရှုသူ ၅ သန်းကျော်ရှိနေသည့် ‘သူစိမ်းအိမ်’ရုပ်ရှင်(နမူနာ)
Donate to DVB

ရုံမတင်ခင်ကတည်းက ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ မြန်မာရုပ်ရှင်ကား သူစိမ်းအိမ်ကို လာမယ့် သြဂုတ်လ ၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ Good Old Days ရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပြီး ခမ်းမွန်ရဲ့ ဇာတ်ညွှန်းကို လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ရိုက်ကူးပုံဖော်ပေး ထားတာ ဖြစ်ပါတယ်။

မန္တလေးကနေ ရန်ကုန်ကို အလည်လာတဲ့ နွေဦး နဲ့ ကေသီတို့ သူငယ်ချင်း ၂ ယောက်ဟာ Facebook ပေါ်ကတဆင့် ခင်မင်ခဲ့တဲ့ မြနဲ့ အပြင်မှာတွေ့ဖို့ Bar တခုမှာ ချိန်းခဲ့ကြပါတယ်။ အဲဒီနောက် Bar ကနေ Club ကို ထပ်ကူးပြီး အပျော်လွန်ရင်း ညဥ့် နက်သွားတဲ့အခါ မြက နွေဦး နဲ့ ကေသီကို သူ့အိမ်မှာ လိုက်အိပ်ဖို့ ခေါ်ပါတယ်။ နွေဦးနဲ့ ကေသီ တို့ မြရဲ့အိမ်ရောက်တဲ့အခါ မထင်မှတ်ထားတဲ့ အဖြစ်အပျက်တွေ ကြုံတွေ့ရ တာကြာင့် ပြန်ကြဖို့ ဆုံးဖြတ်လိုက်ပေမယ့် ဖော်ရွေတဲ့ မြတို့မိသားစုရဲ့ တောင်းဆိုမှု ကြောင့် ဆက်နေဖို့ ဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အ ပျက်တွေကို ဆက်တိုက်ကြုံလာရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာတွေ ကို ရင်တထိတ်ထိတ်နဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ သရုပ်ဆောင်မင်းသမီး ဖွေးဖွေး၊ လူမင်း၊ ထွန်းအိန္ဒြာဗို၊ လင်းဇာ နည်ဇော်တို့နဲ့အတူ လူငယ်သရုပ်ဆောင်သစ်တွေဖြစ်ကြတဲ့ မြတ်နိုးအေး၊ ကူးကူးဇင် အောင်၊ ချာလီစတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ထူးပိုင်ဇော်ဦးဟာ လူငယ်သရုပ်ဆောင်သစ်တွေနဲ့ချည်း ရိုက်ကူးပုံဖော်ခဲ့တဲ့ ညရုပ် ရှင်ကားနဲ့ ပွဲဦးထွက် ပရိသတ်လက်ခံအားပေးမှု ရရှိခဲ့တာမို့ ဒီကားထဲမှာရော ဘယ်လို ဆန်းသစ်တဲ့ လက်ရာတွေနဲ့ ခံစားကြည့်ရှုကြရမလဲဆိုတာကိုတော့ မကြာခင်မှာ သိကြရ တော့မှာ ဖြစ်ပါတယ်။

သူစိမ်းအိမ် ရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက်နေ့ က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီကားထဲမှာ ပါဝင်တဲ့ သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ မြင်ကွင်းတွေ၊ ပြကွင်း ပြကွက်တွေဟာ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှု သင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။

ရုံမတင်ခင်ကတည်းက ပရိသတ်တွေကြား ရေပန်းစားနေတဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ လက်ရှိအချိန်ထိ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၄ သန်းခွဲကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013