Live
Home
မြန်မာသတင်း
ဘူးသီး​တောင်​မြို့နယ်၌ တိုက်​ပွဲအကြား ပိတ်​မိ​နေသူ ၁၁ ဦးကို အိုင်စီအာစီ ကယ်​ထုတ်
DVB
·
July 30, 2019
ရခိုင်ပြည်နယ်၊ ဘူးသီး​တောင်​မြို့နယ်မှာ  တပ်​မ​တော်​နဲ့ အေ​အေတို့အကြား တိုက်​ပွဲတွေကြောင့် ကျေးရွာတွေမှာ ပိတ်​မိ​နေတဲ့ သက်ကြီးရွယ်အိုတွေအပါအ၀င် ရွာသား ၁၁ ဦးကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (အိုင်စီအာစီ)က ကယ်ထုတ်ခဲ့ရပါတယ်။ ဇူလိုင်​ ၂၉ ရက်​​ ​ နေ့လယ်ပိုင်းမှာ  မြို့နယ်​အ​​ထွေ​ထွေအုပ်​လျုပ်​​ရေးမှူးရဲ့ ခွင့်ပြုချက်​နဲ့ ကယ်​ထုတ်​လာနိုင်ခဲ့တာလို့  အိုင်စီအာစီအဖွဲ့ တာဝန်​ရှိသူ တဦးက ပြောပါတယ်။ “ဥယာဉ်​သာ​ကျေးရွာက ဆရာ​တော်​အပါအ၀င်​ အားလုံး ၁၁ ဦးပါ ​ သက်​ကြီးရွယ်​အို​တွေ ပါဝင်​ပါတယ်။ သရက်​ပြင်​​ကျေးရွာက တဦးကိုတော့ သရက်​ပြင်​​ကျေးရွာမှာ ချ​ပေးထားခဲ့ပါတယ်​” လို့​ပြောပါတယ်။ ကယ်​ထုတ်​နိုင်ခဲ့သူ ၁၁ ဦးကတော့ ဥယာဉ်​သာ​ကျေးရွာက ဥယာဉ်​သာဆရာ​တော်​ ဦးသုမန၊ ဦးစိန်​သာခိုင်​၊ ဦး​မောင်​​ကျော်​လှ၊ ဦး​မောင်​လူကြီး၊ ဦးဘတင်​၊ သျှရှား​တောင်​​ကျေးရွာက ဒေါ်ဦးလှညွှန့်​၊ စံဂိုး​ထောင်​​ကျေးရွာမှ ဦး​ကျော်​စိန်​၊ ဦး​စောလှ၊ ​ဒေါ်မနှစိန်​၊ ​ဒေါ်ဒါပွင့်​ဖြူ၊ နွားရုံတောင်​​ကျေးရွာက မျက်​မမြင်​အဘိုးအို ဦး​စောထွန်းဦး တို့ ဖြစ်ကြပါတယ်။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို စစ်​တပ်​က ဥယာဉ်​သာရွာထဲ ၀င်​ခွင့်​မ​ပေးတဲ့အကြောင်းနဲ့ ​သျှရှား​တောင်​​ကျေးရွာက အသက်​ ၈၀ ကျော်​အရွယ်​ ဒေါ်အောင်​ဖြူကို ရှာဖွေမတွေ့ဘူး လို့ ရွာသူရွာသားတွေက ပြောပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024