A d v e r t i s e m e n t With Us

အိန္ဒိယနိုင်ငံတဝန်း ရေဘေးသင့်၊ ပြည်သူများ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်း

အိန္ဒိယနိုင်ငံတလွှား မိုးကြီးပြီး မြစ်ချောင်းတွေ ရေလျှံခဲ့လို့ ဇူလိုင် ၂၈ ရက်မှာ ရေဘေးသင့် ပြည်သူတွေ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ ရွှေ့ပြောင်းနေရပါတယ်။ အိန္ဒိယနိုင်ငံတွင်းရှိ ခြောက်သွေ့ကန္တာရဆန်တဲ့ ရာဂျက်စသန်ပြည်နယ်တွင်းက ကိုတာမြို့ခံတွေလည်း ရေဘေးကနေလွတ်ဖို့ အိမ်ခေါင်မိုးပေါ် တက်နေရပါတယ်။ ဇူလိုင် ၂၈ ရက်နေ့မှာ လူအယောက် ၂၀ ကျော် ဘေးလွတ်ရာ ရွှေ့ပေးခဲ့ပေမယ့် လူအများအပြားက အိမ်ကနေ မခွာချင်ကြဘူးလို့ ကပ်ဘေးတုံ့ပြန်ရေးတပ်က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ နယ်စပ်က လက်ဖက်စိုက်ပျိုးရာ အာသံပြည်နယ်မှာလည်း ဆိုးဆိုးရွားရွား ရေကြီးနေလို့ သန်းနဲ့ချီတဲ့လူတွေ အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပါတယ်။ ရေဘေးကြောင့် လူအယောက် ၆၀ ကျော် သေဆုံးတယ်လို့ အရာရှိတွေက ပြောပါတယ်။ မုတ်သုံမိုးကြောင့် တောင်အာရှဒေသအတွင်း လူအယောက် ၃ဝဝ ကျော် သေဆုံးခဲ့ပြီး လူရာပေါင်းများစွာ ပျောက်ဆုံးနေဆဲမို့ သေဆုံးသူဦးရေ မြင့်တက်နိုင်တယ်လို့ ရိုက်တာသတင်းဌာနက အစီရင်ခံပါတယ်။

A d v e r t i s e m e n t With Us

More News
Up