Home
မြန်မာသတင်း
ဟိုင်းကြီးကျွန်းအနီး ကုန်တင်သင်္ဘော တိမ်းမှောက်နစ်မြုပ်ပြီး သင်္ဘောသား ၁၀ ဦးပျောက်ဆုံးနေ
သော်ဇင်မျိုး
·
July 26, 2019
ဧရာဝတီတိုင်းဒေသကြီး ပြင်စလူနဲ့ ဟိုင်းကြီးကျွန်းအနီးမှာ ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘော  တစီး တိမ်းမှောက်နစ်မြုပ်ပြီး သင်္ဘောသား ၁၀ ဦးပျောက်ဆုံးနေပါတယ်။ ရခိုင်ပြည်နယ် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို ရန်ကုန်မြို့ကနေ ဘိလပ်မြေအိတ် ၂၅၀၀၀ ခန့်တင်ယူပို့ဆောင်နေတဲ့ MV ထာဝရအားမာန်ကမ်းရိုတန်းသွား ကုန်တင်သင်္ဘောဟာ ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီအချိန်က ပြင်စလူနဲ့ ဟိုင်းကြီးကျွန်းအနားပင်လယ်ပြင်မှာ မိုးသက်လေပြင်းမိပြီး လိုက်ပါလာတဲ့ သင်္ဘာသား ၁၉ ဦးနဲ့အတူ နစ်မြုပ်သွားတယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ရုံးကသိရပါတယ်။ သင်္ဘောသား ၉ ဦးကတော့ သင်္ဘောမှာပါလာတဲ့ သက်ကယ်လှေနဲ့ လွတ်မြောက်ခဲ့ပြီး သင်္ဘောကပ္ပတိန်နဲ့ ပဲ့နင်းအပါအဝင် ၁၀ ဦးပျောက်ဆုံးနေဆဲဖြစ်ပါတယ်။ ပျောက်ဆုံးနေသူတွေနဲ့ ပတ်သက်ပြီး ဟိုင်းကြီးကျွန်းပမ္မဝတီ ရေတပ်စခန်းက စစ်ရေယာဉ်တွေနဲ့ သွားရောက်ရှာဖွေကယ်ဆယ်နေပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024