ဗြိတိန်အလံလွှင့် သင်္ဘောအားလုံးကို အစောင့်လိုက်ပါရန် စစ်သင်္ဘောတစီး စေလွှတ်

1.1K
ဗြိတိန် ရေနံတင်သင်္ဘောကို အီရန်အစောင့်တပ်က ဖမ်းဆီးပြီးနောက် ဗြိတိန်အလံလွှင့် သင်္ဘောအားလုံးကို အစောင့်လိုက်ပါဖို့ ဗြိတိန်က စစ်သင်္ဘောတစီး စေလွှတ်လိုက်ပါတယ်။
ဒါဟာ ဗြိတိန်အစိုးရ မူဝါဒပိုင်းမှာ ပြောင်းပြန်ဖြစ်သွားတာပါ။ အစောပိုင်းက ဗြိတိန်ဟာ အဲဒီလိုစောင့်ကြပ်ဖို့ စစ်သင်္ဘော အလုံအလောက်မရှိဘူးဆိုပြီး ပြောထားပါတယ်။
ဇူလိုင် ၂၅ ရက်နေ့က ဗြိတိန်စစ်သင်္ဘော HMS မွန်ထရို့စ်ဟာ မူဝါဒသစ်အရ စတီနာ အင်ပေါတန့်နဲ့ စီးပလိုး သင်္ဘောနှစ်စီးအတွက် စောင့်ကြပ်ရေးတာဝန်ကို စတင်ထမ်းဆောင်နေပါတယ်။
ဇူလိုင် ၁၉ ရက်နေ့တုန်းက ဟော်မုဇ်ရေလက်ကြားမှာ ဗြိတိန်အလံလွှင့် ရေနံတင်သင်္ဘော စတီနာ အင်ပယ်ရိုကို အီရန်ကွန်မန်ဒိုတွေက စီးနင်း ဖမ်းဆီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ဂျီဘရော်တာ ရေလက်ကြားမှာ အီရန် ရေနံတင်သင်္ဘောကို ဗြိတိန် မရိမ်းတပ်ဖွဲ့တွေ စီးနင်းဖမ်းဆီးပြီးနောက်မှာ ဒီဖြစ်ရပ် ပေါ်ပေါက်ခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။