A d v e r t i s e m e n t With Us

မြန်မာပြည်မှ ဆရာတော် ၄ ပါး မဟာလူသား လူမှုစာရိတ္တမြှင့်တင်ရေး ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ရရှိ 

မြန်မာနိုင်ငံက ဗုဒ္ဓသာသနာပြန့်ပွားရေးဆောင်ရွက်နေတဲ့ ဆရာတော်ကြီး ၄ ပါးဟာ အမေရိ ကန်နိုင်ငံ ဖရော်ရီဒါပြည်နယ် International University of Morality တက္ကသိုလ်ကချီးမြှင့်တဲ့ The Honorary Doctoral of Philosophy Degree in Morality Theology and Social Counseling Administration အပြည်ပြည်ဆိုင်ရာ မဟာလူသား လူမှုစာရိတ္တမြှင့်တင်ရေး ဂုဏ်ထူးဆောင်ပါရဂူ (Ph.D) ဘွဲ့ကို ရရှိခဲ့ပါတယ်။ အဆိုပါ ဆရာတော်ကြီး ၄ ပါးမှာ ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့ ဘော်ကြိုကျောင်းတိုက်မှ ဓမ္မကထိကဆရာတော် ဒေါက်တာဒေ၀ိန္တ၊ မူဆယ်မြို့ လွယ်တိန်းခမ်းကျောင်းတိုက်မှ တောင်တန်း သာသနာပြု ဆရာတော် ဒေါက်တာ သုခမိန္ဒ၊ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွှန့်မြို့နယ် ဓမ္မဇေယျာပရိယတ္တိ စာသင်တိုက်မှ ဆရာတော် ဒေါက်တာ ဣန္ဒက နဲ့ မန္တလေးမြို့ မဟာဓမ္မိ ကာရာမကျောင်းတိုက်မှ ဆရာတော် ဒေါက်တာ စ၀်နွံလှိုင်း ဓမ္မသာရ တို့ဖြစ်ကြပါတယ်။ ငြိမ်းချမ်းရေးအတွက် ကမ္ဘာ့လူသားအားလုံး စိတ်ထားကောင်း မွန်စွာနဲ့ အများအကျိုးစွမ်း ဆောင်နိုင်ဖို့၊ အကျင့်စာရိတ္တကောင်းမွန်အောင် စွမ်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်ပြီး ဂုဏ်ပြုခဲ့တာလို့ ဂုဏ်ထူးဆောင်ဘွဲ့ရ ဆရာတော်တစ်ပါးဖြစ်သူ ဒေါက်တာ သုခမိန္ဒက ဒီဗွီဘီကို မိန့်ပါတယ်။ “ဆုပေးတဲ့အဖွဲ့ရဲ့ရည်ရွယ်ချက်ကတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူသားအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး၊ နိုင်ငံမရွေးဘဲနဲ့ လူမှုအကျိုးကို စွမ်းဆောင်နိုင်ဖို့၊ လူသားအားလုံး ကောင်းမွန်တဲ့ စိတ်ဓာတ်နဲ့ အများအကျိုးကို စွမ်းဆောင်နိုင်ဖို့၊ အကျင့်စာရိတ္တကောင်းမွန်အောင် စွမ်းဆောင်တဲ့ ပုဂ္ဂိုလ်တွေကို ရွေးချယ်ချီးမြှင့်တာဖြစ်ပါတယ်။  ဘုန်းဘုန်းတို့အနေနဲ့ ကိုယ့်ဆောင်ရွက်ချက်ကို ဒီလို နိုင်ငံခြားတက္ကသိုလ်က အသိအမှတ်ပြုတာခံရတော့ ၀မ်းသာဂုဏ်ယူပါတယ်။ ရှေ့ဆက် ဘာသာ၊ သာသနာအကျိုး၊ ပြည်သူတို့အကျိုးကို ဆောင်ရွက်သွားနိုင်ဖို့ ပိုပြီးတော့ အားရှိတာပေါ့” အဆိုပါ လူမှုစာရိတ္တမြှင့်တင်ရေး ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို မြန်မာနိုင်ငံမှ ဆရာတော် ၄ ပါးအပြင် ထိုင်းနိုင်ငံက ဆရာတော် ၁ ပါး နဲ့ ဂျပန်နိုင်ငံက ပရဟိတလူမှုကူညီရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ လူပုဂ္ဂိုလ်တွေလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆုချီးမြှင့်ရေးအဖွဲ့ဟာ အဆိုပါဆုကို နှစ်စဉ်ချီးမြှင့်လာရာမှာ ဒါနဲ့ပါဆိုရင် ၁၁ ကြိမ်မြောက် ရှိသွားပြီဖြစ်ပြီး ဆုပေးပွဲကိုလည်း နိုင်ငံအနှံ့မှာ သွားရောက်ကျင်းပခဲ့ကြောင်း၊ ဒီတစ်ခေါ က်မှာတော့ ၈ျပန်နိုင်ငံမှာ လာရောက်ကျင်းပခဲ့တာလို့ ဆိုပါတယ်။ ဂျပန်က ဆုချီးမြှင့်ပွဲကို ဒီကနေ့ (၂၀၁၉ ဇူလိုင်လ ၂၄ ရက်) မနက်က တိုကျိုမြို့ အိုဒိုင်းဘား ခမ်းမမှာ ကျင်းပခဲ့ပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားအချို့လည်း ဆုရဆရာတော်တွေကို လာရောက်ကြိုဆို ဂုဏ်ပြုခဲ့ကြပါတယ်။

A d v e r t i s e m e n t With Us

More News
Up