ဥရောပတွင် အပူလှိုင်းမြင့်တက်မှု ကုလသမဂ္ဂ သတိပေး

ဥရောပဒေသမှာ လက်ရှိ အပူလှိုင်း မြင့်တက်နေတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ ရာသီဥတု ပြောင်းလဲမှုကြောင့် အပူလှိုင်းတွေဟာ ပုံမှန်ထက်စောပြီး ဖြစ်လာတဲ့အပြင် ပိုပြီးလည်း ပြင်းထန်လာတယ်လို့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ပြုလုပ်တဲ့ အခမ်းအနားခုမှာ ကုလသမဂ္ဂရဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) ပြောခွင့်ရ ကလဲယာ နောလိစ်က ပြောပါတယ်။ လက်ရှိ စပိန်နိုင်ငံရဲ့ ဒေသတော်တော်များများမှာ တောမီးအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပြီး အပူချိန်မြင့်တက်တာ၊ လေပြင်းတိုက်ခတ်တာနဲ့ မိုးကြိုးပစ်တာတွေကြောင့် တောမီးလောင်နိုင်တယ်လို့ ကလဲယာ နောလိစ်က ဆက်ပြောပါတယ်။ ဒါ့အပြင် ပြင်သစ်နိုင်ငံမှာလည်း မိုးခေါင်နေတာကြောင့် လက်ရှိ အပူလှိုင်းအဆင့် ပိုမြင့်လာနိုင်တယ်လို့ သူက ပြောပါတယ်။ ပြင်သစ် မိုးလေဝသဌာနက နိုင်ငံတွင်း အပူလှိုင်းအဆင့်ကို လိမ္မော်ရောင် သတိပေးချက် ထုတ်ပြန်ထားချိန်မှာ ပြင်သစ်အစိုးရက နယ်မြေ ၇၃ ခုမှာ ရေသုံးစွဲမှုနှုန်း ကန့်သတ်လိုက်ပါတယ်။

More News
Up