ဖမ်းထားသူများကို ပြန်လွှတ်ပေးရန် ၈၈ မျိုးဆက်တောင်းဆို
DVB
·
December 3, 2012
လက်ပန်းတောင်းတောင်အရေးနဲ့ ပတ်သက်လို့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန် လွှတ်ပေးဖို့ ၈၈ မျိုးဆက်ကျောင်းသားတွေက ဒီနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။
အခင်းဖြစ်တဲ့ မုံရွာကို သွားရောက်ခဲ့ပြီး ရန်ကုန်ကို ပြန်ရောက်လာတဲ့နောက် ထုတ်ပြန်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ကြေညာချက်မှာ အကြမ်းဖက်ခံရပြီး ထိခိုက်ဒဏ်ရာရသူ တွေကို ဆေးကုသမှုပေးဖို့၊ ထိခိုက်ဒဏ်ရာရသူ ရဟန်း၊ သံဃာတော်များကို ၀န်ချ တောင်းပန်ဖို့၊ ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးနေစဉ်မှာ စီမံကိန်းကို ရပ်ဆိုင်းထားဖို့ အချက်တွေလည်း ပါဝင်ပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများအနေနဲ့ ဒေသခံပြည်သူတွေ၊ တက်ကြွ လှုပ်ရှားသူများရဲ့ သဘောထားဆန္ဒကို လွတ်လပ်စွာစုံစမ်းတင်ပြပြီး၊ ညှိနှိုင်းဖြေရှင်းနိုင်ဖို့ အားထုတ်ကြိုးပမ်းသွား မယ်လို့လည်း ဖော်ပြထားပါတယ်။
ဦးမင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ နေပြည်တော်မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း သီးသန့်တွေ့ဆုံခဲ့တယ်လို့ ဒီနေ့ညနေက ရန်ကုန်မှာ သတင်းစာရှင်လင်းပွဲပြုလုပ်ပြီး ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးဌေးကြွယ် နဲ့ ဦးမြအေးတို့ဟာ နိုင်ငံတော်သမ္မတရုံး ၀န်ကြီး ဦးအောင်မင်းနဲ့ နိုဝင်ဘာ ၂ ရက်နေ့က ဦးကိုကိုကြီးတို့ကို ထည့်သွင်းထားပေမယ့် ပါဝင်ရန် ဆန္ဒမရှိကြောင်း၊ ဒါပေမယ့် လွတ်လပ်တဲ့ ကော်မရှင်ရဲ့လုပ်ငန်းတွေကို ပံ့ပိုးကူညီသွားမဖြစ်ကြောင်းနှင့် အဖြစ်မှန်ပေါ်ပေါက်ရေးကို အဓိကထား ဆောင်ရွက်သွားမှာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ပြောကြားသွားပါတယ်။