Saturday, June 3, 2023
HomeLead Storyဆိုမာလီ လေဆိပ်အနီးရှိ ဟိုတယ်တခု အပြင်ဘက်တွင် ဗုံးပေါက်ကွဲ၊ ၁၇ ဦးထက်မနည်း သေဆုံး

ဆိုမာလီ လေဆိပ်အနီးရှိ ဟိုတယ်တခု အပြင်ဘက်တွင် ဗုံးပေါက်ကွဲ၊ ၁၇ ဦးထက်မနည်း သေဆုံး

ဆိုမာလီယာနိုင်ငံ မြို့တော် မိုဂါဒစ်ရှူး အပြည်ပြည်ဆိုင်ရာ လေဆိပ်အနီးက ဟိုတယ်တခု အပြင်ဘက်မှာ ဇူလိုင် ၂၂ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲပြီး လူ ၁၇ ယောက်ထက်မနည်း သေဆုံးကာ ၂၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက ၁၂ ယောက်ဟာ စိုးရိမ်ရတဲ့ အခြေအနေ ရှိတယ်လို့လည်း လူနာတွေကို လက်ခံကုသပေးနေတဲ့ မာဒီနာဆေးရုံရဲ့ ညွှန်မှူး မိုဟမ်မဒ် ယူဆွဖ်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အယ်လ်ကိုင်းဒါး စစ်သွေးကြွအဖွဲ့နဲ့ ဆက်စပ်တဲ့ အယ်လ်ရှာဘတ် အစ္စလာမ္မစ်အဖွဲ့က သူတို့လက်ချက်လို့ ကြေညာခဲ့ပါတယ်။

အယ်လ်ရှာဘတ်အဖွဲ့ဟာ ကုလသမဂ္ဂ ကျောထောက်နောက်ခံ ပေးထားတဲ့ ဆိုမာလီယာအစိုးရကို ဖြုတ်ချဖို့ ကြိုးစားနေတာပါ။

မိုဂါဒစ်ရှူးလေဆိပ်ကိုသွားတဲ့ လမ်းမပေါ်မှာရှိတဲ့ ပထမဆုံး စစ်ဆေးရေးဂိတ်မှာ ဗုံးပေါက်ကွဲခဲ့တာလို့ ဈေးဆိုင်ပိုင်ရှင်တယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

ဆိုမာလီယာနိုင်ငံဟာ စစ်အာဏာရှင်ကို ဖြုတ်ချခဲ့တဲ့ ၁၉၉၁ ခုနှစ်ကတည်းက လူမျိုးစု စစ်ခေါင်းဆောင်တွေကြား အာဏာလုပွဲကြောင့် ပြည်တွင်းစစ်မီးဒဏ် ခံစားခဲ့ရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular