Email This Story :
လာမယ့်ရာသီမှာ အသင်းခေါင်းဆောင်ရာထူး ရယူသွားချင်တယ်လို့ မန်ယူဂိုးသမား ဒီဂီယာက ပြောလိုက်ပါတယ်။
ဒီဂီယာဟာ အသင်းနဲ့ ၆ နှစ် သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ပြီး ရာသီကြိုခရီးစဉ်ကနေ မန်ချက်စတာကို ပြန်ရောက်ရှိတဲ့အချိန်မှာ တရားဝင်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။
ဒီဂီယာဟာ ၂၀၂၅ ခုနှစ်အထိ အသင်းနဲ့ သက်တမ်းတိုးခဲ့ပြီး တပတ်လုပ်ခ ပေါင် ၃ သိန်း ၇ သောင်းဝန်းကျင် ရရှိမှာပါ။
ပွဲစဉ်တချို့မှာ အသင်းခေါင်းဆောင်ရာထူးတာဝန် ယူခဲ့ဖူးပြီး အဲဒီလို အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ကစားနေရတဲ့အချိန်မှာ အံ့အားသင့်စရာခံစားမှု ရရှိတယ်လို့ ဒီဂီယာက ဆိုပါတယ်။
ဒါကြောင့် အသင်းခေါင်းဆောင်ရာထူးကို ပေးအပ်မယ်ဆိုရင် ပျော်ရွှင်စွာနဲ့ လက်ခံသွားမှာဖြစ်တယ်လို့ ဒီဂီယာက ပြောပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ဒီဂီယာအပြင် ဗလင်စီယာ၊ အက်ရှ်လေယန်း၊ စမောလင်း စတဲ့ကစားသမားတွေကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးခဲ့ဖူးပါတယ်။