A d v e r t i s e m e n t With Us

လက်ပန်းတောင်း အကြမ်းဖက်မှု လက်နက်ကိုင်တပ်ဖွဲ့များ ရှုတ်ချ

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခဲ့တဲ့သူတွေကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့အပေါ် လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေက ရှုတ်ချလိုက်ပါတယ်။ သပိတ်စခန်းဖွင့် ဆန္ဒပြဖော်ခဲ့ကြတဲ့ လက်ပန်းတောင်းတောင် ဒေသခံ ပြည်သူတွေနဲ့ သံဃာတော်တွေကို  အခုလ ၂၉ ရက်နေ့က ထိခိုက်ဒဏ်ရာရရှိတဲ့အထိ အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အပေါ် ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြီး ကန့်ကွက်ရှုတ်ချလိုက်တာပါ။ ကေအိုင်အိုအနေနဲ့ ဒေသခံပြည်သူတွေ၊ ထိခိုက်ဒဏ်ရာရရှိတဲ့ လူထု၊ သံဃာတော်နဲ့ ထပ်တူ ၀မ်းနည်းပါကြောင်းနဲ့ တရားမျှတမှုမရှိတဲ့ အကြမ်းဖက်နှိမ်နင်းမှုကို ရှုတ်ချကြောင်း ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။ အလားတူ  ကလိုထူးဘော ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ကလည်း လက်ပန်းတောင်းကြေးနီးစီမံကိန်း ရပ်တန့်ဖို့နဲ့ ဆန္ဒပြသူတွေကို မီးလောင်ဗုံးတွေနဲ့ ဖြိုခွဲခဲ့တာဟာ လူမဆန်တဲ့လုပ်ရပ်တွေဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဒီကေဘီအေတပ်ဖွဲ့အနေနဲ့ ဒီလူထုအပေါ် အကြမ်းဖက်မှုကို လက်ပိုက်ကြည့် မှာမဟုတ်ကြောင်းနဲ့ မီးလောင်ဗုံးနဲ့ပစ်ဖို့ အမိန့်ပေးသူကို အရေးယူပေးပါလို့ ဒီကေဘီအေအဖွဲ့က ဗိုလ်မှူးဆန်းအောင် ပြောပါတယ်။ အလားတူ ကယန်းပြည်သစ်ပါတီနဲ့ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ကလည်း  လက်ပန်းတောင်းတောင် ဒေသခံ ပြည်သူတွေနဲ့ သံဃာတော်တွေကို အကြမ်းဖက် နှိမ်နင်းခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့ မနက်လင်းအားကြီးအချိန်မှာ သပိတ်စခန်းတွေကို ရဲတပ်ဖွဲ့ကနေ အင်အားသုံး အကြမ်းဖက် ဖြိုခွဲခဲ့ရမှာ အနည်းဆုံး သံဃာတော်အပါး ၈၀ ကျော် ဒဏ်ရာ ရရှိထားခဲ့ပြီး မီးလောင်ဒဏ်ရာပြင်းထန်တဲ့ သံဃာတချို့ မုံရွာနဲ့ မန္တလေးဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေရပါတယ်။

A d v e r t i s e m e n t With Us

More News
Up