အင်ဒိုနီးရှားကုန်တင်သင်္ဘော ကရိန်းစင်ကို ဝင်တိုက် (ရုပ်သံ)

ပနားမားအလံလွှင့်တင်ထားတဲ့ ကုန်တင်သင်္ဘောတစင်း အင်ဒိုနီးရှားနိုင်ငံ ဆီမာရန်းရှိ ကရိန်းမျှော်စင်တခုကို ဝင်တိုက်မိခဲ့ရာ ကရိန်းမျှော်စင် ပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။ ရုပ်သံ ဗွီဒီယိုဖိုင်တခုမှာလည်း ဝင်တိုက်မှုကြောင့် ကရိန်းစင်းက သင်္ဘောကျင်းပေါ် ပြိုကျနေပြီး Soul of Luck သင်္ဘောက အခြားသော အသေးစား သင်္ဘောတစီးနဲ့ ဝင်တိုက်ပြီး သင်္ဘောပေါ်ရှိ အမှုထမ်းတွေ ဘေးလွတ်ရာ ထွက်ပြေးနေတဲ့ ရုပ်ပုံတွေကို မြင်တွေရပါတယ်။ ကုန်တင်သင်္ဘောဟာ မလေးရှားမှာရှိတဲ့ ကီလန်းဆိပ်ကမ်းကို ရွက်လွှင့်နေစဉ် ဒီလိုမျိုး ဝင်တိုက်ခဲ့ရတာဖြစ်ပြီး တိုက်ခိုက်မှုကိုဖြစ်စေတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးဘူးလို့ ဒေသတွင်းသတင်းတွေမှာဖော်ပြပါတယ်။ ဇူလိုင် ၁၄ ရက်နေ့က ဒီမတော်တဆဖြစ်ရပ်ကြောင့် လူတဦးဒဏ်ရာရရှိခဲ့ပြီး ဆိပ်ကမ်းကိုလည်း သုံးနာရီလောက် ပိတ်ထားခဲ့ရတယ်လို့ သိရပါတယ်။

More News
Up