DVB Logo
Home
မြန်မာသတင်း
သံဃာများအပေါ်အကြမ်းဖက်မှု ကန့်ကွက်ဆန္ဒပြသူ ၂ ဦး ဖမ်းဆီးခံရ
DVB
·
December 3, 2012
သံဃာများအပေါ်အကြမ်းဖက်မှု ကန့်ကွက်ဆန္ဒပြသူ ၂ ဦး ဖမ်းဆီးခံရ
Donate to DVB

လက်ပန်းတောင်းတောင်အရေးမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက သံဃာတော်တွေကို အကြမ်းဖက်ဖြိုခွင်းခဲ့တာကို မကျေနပ်တဲ့အတွက် ဒီဇင်ဘာ ၂ ရက်နေ့ ညနေက ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ စုပေါင်းဆန္ဒပြခဲ့ရာ ဆန္ဒပြခေါင်းဆောင် ၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူ ၂ ဦးကတော့ မျိုးဆက်သစ်လူငယ်များအဖွဲ့က ကိုမိုးသွေးဃ်နဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက်က ကိုအောင်စိုးတို့ ၂ ဦးဖြစ်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ ဒုတိုင်းမှူး ဒုရဲမှူးကြီး ဦးသက်လွင်ကိုယ်တိုင် ဖမ်းဆီးခဲ့တာပါ။

ရဲတပ်ဖွဲ့ဝင်တွေ ၀င်ရောက်ဖမ်းဆီးပုံကို မျက်မြင်တဦးက “ညီမတို့ လူအုပ်ထဲမှာ သူတို့က ပိုစတာကိုင်ပြီး လမ်းလျှောက်လာတဲ့အချိန်မှာ လူတယောက်က ကားစီစဉ်ထားတယ်ဆိုပြီး သူနဲ့ ကိုအောင်စိုးကို ခေါ်သွားတယ်။ ကားပေါ်တင်ပြီး မောင်းသွားတဲ့အချိန်မှာ ရဲကားက ပိတ်တားပြီး ကိုမိုးသွေးဃ်ကို ဆွဲခေါ်သွားတယ်။”

ဒီဆန္ဒပြမှုအတွင်း နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အင်အား ၅၀ ကျော်ပါဝင်ပြီး ဆန္ဒပြသူတွေဟာ သပိတ်စခန်းတွေမှာ  အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသူတွေကို နိုင်ငံတော်အစိုးရက ဝန်ချတောင်းပန်ရေး၊ လက်ပန်းတောင်းတောင် စီမံကိန်းရပ်ဆိုင်းရေးနဲ့ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ မြန်မာနိုင်ငံအတွင်းက အမြန်ဆုံးထွက်ခွာသွားရေး စတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ဆန္ဒပြခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကိုမိုးသွေးနဲ့ ကိုအောင်စိုးတို့ကို ဗဟန်းမြို့နယ် ရဲစန်းမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ သူတို့ကို ပုဒ်မ ၅၀၅ခ နဲ့ တရားစွဲဆိုတားပြီး လာမယ့် ဒီဇင်ဘာ ၁၁ ရက်နေ့ ရုံးချိန်း ပြန်ပေးထားတယ်လို့ ကိုအောင်စိုးရဲ့ အစ်ကို ကိုကိုနိုင်က ပြောပါတယ်။

ကိုအောင်စိုးကို ဒီညနေမှာ အင်းစိန်ထောင်ဆီ ပို့ဆောင်လိုက်ပြီး ကိုမိုးသွေးကိုတော့ ကျောက်တံတား ရဲစခန်းကို ဆက်လက်ခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။

လက်ပန်းတောင်းတောင်စီမံကိန်း ရပ်ဆိုင်းရေးကိစ္စနဲ့  နိုဝင်ဘာလ ၂၆ ရက်နေ့က ရန်ကုန်မှာ ဆန္ဒပြပြီး နောက်တနေ့ ဖမ်းဆီးခံထားရတဲ့ ကိုရဲလင်း၊ ကိုဝေဠု၊ ကိုမျိုးချစ်၊ ကိုညီညီ၊ ဒေါ်နော်အုန်းလှနဲ့ ဒေါ်ရှမ်းမတို့ကိုတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ (၅၀၅ -ခ) နဲ့ ပုဒ်မ ၁၈ တို့နဲ့ တရားစွဲဆိုပြီး အင်းစိန်ထောင်မှာ ချုပ်နောင်ထားပါတယ်။

ဒီနေ့ သူတို့ကို ရုံးထုတ်စစ်ဆေးပါတယ်။ ရုံးထုတ်စစ်ဆေးမှု အခြေအနေနဲ့ပတ်သက်ပြီး သူတို့အတွက် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးအောင်သိန်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013