A d v e r t i s e m e n t With Us

ဗိုလ်ချုပ်ပြတိုက်ကို 3D  ပုံရိပ်ဖြင့် ကြည့်ရှုနိုင်ပြီ

ရန်ကုန်မြို့က ဗိုလ်ချုပ်ပြတိုက်ထဲကို ကိုယ်တိုင်ရောက်သွားသလို သုံးဖက်မြင် (3D) ပုံရိပ်အဖြစ် ကြည့်ရှုနိုင်ပြီဖြစ်ပြီး ပြုလုပ်ခဲ့တဲ့အဖွဲ့က လူမှုကွန်ရက်ကတဆင့် မျှဝေလိုက်ပါတယ်။ မနှစ်တုန်းက ဗိုလ်ချုပ်ပြတိုက် ကြံ့ခိုင်ရေး အားနည်းလာပြီး အနောက်ဘက် အခန်းတချို့နဲ့ ဝရံတာ နိမ့်ဆင်းလာတာကြောင့် အာဇာနည်နေ့မှာ လူတွေအများကြီး အပေါ်ထပ်တွေ တက်ရောက်ခွင့်ကို တားခဲ့ပါတယ်။ 3xvivr Virtual Reality Production အဖွဲ့ကို ယဉ်ကျေးမှုဝန်ကြီးဌာနက အကူအညီတောင်းလို့ ၂၀၁၈ အာဇာနည်နေ့အမီ 3D Scanning ပြုလုပ်ခဲ့ရပြီး လူတွေကို LED နဲ့ VR Tour ပြသပေးခဲ့ပါတယ်။ အဲဒီတုန်းက မှတ်တမ်းကို အခု သူတို့က မျှဝေလိုက်တာဖြစ်ပြီး အောက်က လင့်ခ်ကိုနှိပ်ကြည့်ရင် ဖုန်း၊ ကွန်ပျူတာတို့ကနေ ပြတိုက်ထဲကို ရောက်သွားသလို ခံစားကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up