DVB Logo
Home
မြန်မာသတင်း
တုံကျေးရွာတွင် ဆန္ဒပြ၊ အကြမ်းဖက်သူများကို ဖော်ထုတ်အရေးယူရန် တောင်းဆို
DVB
·
December 3, 2012
တုံကျေးရွာတွင် ဆန္ဒပြ၊ အကြမ်းဖက်သူများကို ဖော်ထုတ်အရေးယူရန် တောင်းဆို
Donate to DVB

လက်ပန်းတောင်းတောင် စီမံကိန်းကြောင့် ဖမ်းဆီးခံထားရသူတွေအားလုံး ပြန်လွှတ်ပေးဖို့နဲ့ သံဃာတော်တွေ အများအပြား ဒဏ်ရာရစေခဲ့တဲ့ သပိတ်စခန်းဖြိုခွဲရာမှာ အကြမ်းဖက်ကျူးလွန်သူတွေကို ထိရောက်စွာအရေးယူပေးဖို့ မုံရွာတဖက်ကမ်း လက်ပန်းတောင်းတောင် ပတ်ဝန်းကျင်တ၀ိုက်က တုံကျေးရွာ ရွာသားတွေက တောင်းဆိုကြပါတယ်။

မနေ့ နေ့ခင်းပိုင်းက ဒီဆန္ဒပြပွဲမှာ ဒေသခံကျေးရွာသား ၃၀၀ ခန့်က လမ်းမကြီးပေါ်မှာ လှည့်လည်ချီတက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ကို တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

[caption id="attachment_33835" align="alignright" width="300" caption="ဒီဇင်ဘာလ ၂ ရက်နေ့က မန္တလေးသံဃာတော်များ လက်ပန်းတောင်တောင် သပိတ်စခန်းများ အကြမ်းဖက်ဖြိုခွင်းမှုအား ငြိမ်းချမ်းစွာဆန္ဒပြ (ဓာတ်ပုံ- ချစ်ကို)"][/caption]

ရဲတပ်ဖွဲ့ဝင်တွေက လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းရပ်ဖို့ တောင်းဆိုတဲ့ သပိတ်စခန်းတွေကို  နိုဝင်ဘာ ၂၉ ရက် မနက်အရုဏ်မတက်ခင်မှာ အကြမ်းဖက်ဖြိုခွင်းရာမှာ သံဃာနဲ့ လူ ၁၀၀ ကျော် အရေပြား လောင်ကျွမ်းဒဏ်ရာတွေရခဲ့ပြီး ဆေးကုနေရပါတယ်။

ဒီအကြမ်းဖက်ဖြိုခွင်းမှုကို ကန့်ကွက်ဆန္ဒပြပွဲတွေ ရန်ကုန်၊ မန္တလေးနဲ့ တခြားမြို့နယ်တချို့မှာ လုပ်ဆောင်တဲ့အတွက် ရဲက ရန်ကုန်မြို့မှာ လူ ၆ ဦးကို ဖမ်းဆီးပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲဆိုထားပါတယ်။

မီးလောင်စေတဲ့ ဓာတုဗေဒပစ္စည်းတွေနဲ့ အကွက်ကျကျ ကြိုတင်စီစဉ် အကြမ်းဖက်ကျူးလွန်မှုမှာ တာဝန်ရှိသူအားလုံးကို ရာထူးကနေ အပြီးအပိုင် ထုတ်ပယ်ပေးရမယ်လို့ မကွေးတိုင်း ပခုက္ကူမြို့က သံဃာတွေကလည်း  သမ္မတထံ တောင်းဆိုလိုက်ကြပါတယ်။

အရင်တုန်းကလို နယ်ပြောင်းပေးတာမျိုးမဟုတ်၊ ရာထူးအပြောင်းအလဲလုပ်တာမျိုးကို မလိုလားဘူးလို့ ဦးဆောင်သံဃာတပါးက မိန့်ပါတယ်။

“ကောင်းမွန်သန့်ရှင်းသောအစိုးရလို့ ကြွေးကြော်သံနဲ့ သမ္မတရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒလည်း မလျော်ညီဘူး။ ပြည်သူတွေရဲ့ဆန္ဒနဲ့လည်း မကိုက်ညီတဲ့အတွက် ဒီကိစ္စမှာ ပါဝင်ပတ်သက်တဲ့ တာဝန်ရှိသူအားလုံးကို အစိုးရအဖွဲ့ကနေ အပြီးအပိုင်ထုတ်ပယ်ပေးရမယ်လို့ ပခုက္ကူသံဃာက တောင်းဆိုထားတာ” လို့ မိန့်ပါတယ်။

သူတို့တောင်းဆိုချက်တခုဖြစ်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းရေးကိုတော့ အစိုးရက ဖွဲ့စည်းပြီး ဖြစ်ပါတယ်။
သူတို့တောင်းဆိုချက်တွေကို မလိုက်လျောရင် ကျန်ဒေသအသီးသီးက သံဃာထု၊ ပြည်သူတွေနဲ့အတူ ဆန္ဒထုတ်ဖော်မှုတွေကို ဆင့်ကဲဖော်ထုတ်ကြမယ်လို့ မိန့်ကြားသွားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013