A d v e r t i s e m e n t With Us

လူကာကူက အင်တာမီလန်အတွက် အရေးပါသည့် ပစ်မှတ်ဟု ကွန်တီပြော

ရိုမီလူ လူကာကူက အသင်းအတွက် အရေးပါတဲ့ပစ်မှတ်ဖြစ်ပြီး ခေါ်ယူဖို့ အခက်အခဲတွေ ရှိနေတယ်လို့ အင်တာမီလန်အသင်းနည်းပြ အန်တိုနီယို ကွန်တီက ပြောဆိုလိုက်ပါတယ်။ အင်တာမီလန်အသင်းဟာ လူကာကူကိုခေါ်ယူဖို့ အခုအပြောင်းအရွှေ့ဈေးကွက်မှာ အားသွန်ခွန်စိုက် ကြိုးပမ်းနေတာဖြစ်ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းဘက်က တောင်းဆိုတဲ့ ဈေးကိုတော့ ပေးဖို့ လက်တွန့်နေပါတယ်။ ယူနိုက်တက်ဟာ လူကာကူကို အဲဗာတန်အသင်းကနေ ပေါင် ၇၅ သန်းပေးပြီးခေါ်ယူခဲ့တာ ဖြစ်ပေမယ့် လူကာကူဟာ ယူနိုက်တက်မှာ ထင်သလောက် ခြေစွမ်းပြနိုင်ခဲ့ခြင်းတော့ မရှိပါဘူး။ ဒါ့အပြင် သူဟာ အင်တာမီလန်အသင်းနဲ့ကစားမယ့် ယူနိုက်တက်လူစာရင်းမှာလည်း ပါဝင်မှာ မဟုတ်ပါဘူး။ “ကျနော်သူ့ကို အမှန်တကယ်သဘောကျပါတယ်။ ကျနော်ချဲလ်ဆီးအသင်းမှာ ရှိနေခဲ့ကတည်းက သူ့ကိုခေါ်ယူဖို့ ကြိုးစားခဲ့တာပါ။ ကျနော် ပြောခဲ့သလိုပဲ သူ့ကို ကျွန်တော်သဘောကျပြီးတော့ ခေါ်ယူနိုင်မယ်ဆိုရင် ဒါဟာ အသင်းအတွက် ကြီးမားတဲ့ တိုးတက်မှုတခုဖြစ်လာမှာကြောင့် သူဟာ ကျနော်တို့အသင်းအတွက် အရေးပါပါတယ်။ ဒါပေမယ့် တဖက်မှာလဲ အပြောင်းအရွှေ့ကိစ္စက ရှိနေပါတယ်” လို့ ကွန်တီက ပြောပါတယ်။ “ဒါ့ကြောင့် ဘာဆက်ဖြစ်မလဲဆိုတာကို စောင့်ကြည့်ရပါမယ်။ လူကာကူဟာ အခုချိန်ထိတော့ ယူနိုက်တက်ကစားသမားအဖြစ်ရှိနေဆဲပါပဲ” လို့ ကွန်တီက သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။ အင်တာမီလန်ဘက်က လူကာကူရဲ့ အပြောင်းအရွှေ့ကို အာရုံစိုက်ဆောင်ရွက်လာတာဟာ အသင်းမှာရှိနေတဲ့ အာဂျင်တီးနားတိုက် စစ်မှူး အီကာဒီအတွက် အသင်းမှာ အနာဂတ်မရှိတော့ဘူးဆိုတဲ့ သဘောဖြစ်ပြီး ကွန်တီကလည်း ဒါကိုဝန်ခံပါတယ်။ “သူ့အခြေအနေကတော့ ရှင်းပါတယ်။ အသင်းဘက်ကနေ အီကာဒီဟာ အသင်း အနာဂတ်စီမံကိန်းမှာ မပါဝင်တော့ဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြောဆိုခဲ့ပြီးဖြစ်ပါတယ်။” လူကာကူနဲ့ပတ်သက်လို့ ကွန်တီဘက်က ပွင့်ပွင်းလင်းလင်းဝန်ခံခဲ့ပေမယ့် ယူနိုက်တက်နည်းပြဆိုးလ် ရှားကတော့ တိုက်စစ်မှူးနဲ့ ပတ်သက်လို့ သူ့မှာ ထွေထွေထူးထူး ပြောစရာမရှိဘူးလို့ ဆိုပါတယ်။

A d v e r t i s e m e n t With Us

More News
Up