ဂျပန်ထုတ်ကုန်နှင့် ၀န်ဆောင်မှုများကို တောင်ကိုရီးယားတွင် ဆန္ဒပြ

689
ဂျပန်အစိုးရက တောင်ကိုရီးယားဆီ တင်ပို့တဲ့ ပို့ကုန်တွေအပေါ် ထိန်းချုပ်မှုတွေ သတ်မှတ်လိုက်ပြီးနောက် တောင်ကိုရီးယား စားသုံးသူတွေဟာ ဂျပန်ထုတ်ကုန်နဲ့ ၀န်ဆောင်မှုတွေအပေါ် သပိတ်မှောက်ကြပါတယ်။
အဲဒီလို တောင်ကိုရီးယား စားသုံးသူတွေ သပိတ်မှောက်တဲ့အထဲမှာ ဘီယာကနေ၊ အ၀တ်အစား၊ ခရီးသွားဝန်ဆောင်မှုအထိ ပါဝင်ပါတယ်။
ဝမ် ၁၃၀,၀၀၀ ကုန်ကျတဲ့ ဂျပန်ခရီးစဉ်ကို ဖျက်လိုက်တဲ့ တောင်ကိုရီးယား ဒီဇိုင်နာ လီဆန်ဝမ်က သူတို့ယုံကြည်ချက်နဲ့ မကိုက်တာကြောင့် ခရီးစဉ်ကို ဖျက်လိုက်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က တောင်ကိုရီးယား တရားရုံးဟာ စစ်အတွင်း အတင်းအကျပ် ခိုင်းစေခံရတဲ့ တောင်ကိုရီးယားလူမျိုးတွေကို လျော်ကြေးပေးဖို့ ဂျပန်ကုမ္ပဏီတွေကို အမိန့်ချမှတ်လိုက်ကတည်းက နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေးက တအုံနွေးနွေးဖြစ်နေတာပါ။
အဲဒီနောက် ဇူလိုင် ၄ ရက်မှာတော့ ဂျပန်အစိုးရဟာ တောင်ကိုရီးယားဆီ တင်ပို့မယ့် အဆင့်မြင့်နည်းပညာ ပစ္စည်းတွေအပေါ် ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီကိစ္စဟာ လျော်ကြေးကိစ္စနဲ့ မသက်ဆိုင်ဘူးဆိုပြီး ဂျပန်အစိုးရက ငြင်းထားပါတယ်။ ဂျပန်အစိုးရက “ထိရှလွယ်တဲ့ ပို့ကုန်တွေအပေါ် စီမံခန့်ခွဲမှု အားနည်းတယ်” လို့ အကြောင်းပြပြီး ဂျပန်မီဒီယာတွေက တချို့ပို့ကုန်တွေဟာ မြောက်ကိုရီးယားဆီ ရောက်သွားတယ်လို့ ဖော်ပြပါတယ်။
တောင်ကိုရီးယား အစိုးရကတော့ အဲဒီလိုပြောတာကို ငြင်းဆိုခဲ့ပါတယ်။