Home
မြန်မာသတင်း
ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စွဲချက်တင် အမိန့်ချ
DVB
·
July 18, 2019
61976148_2389236894467122_6081654552761729024_n
တပ်မတော်ကတရားစွဲထားတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ဇူလိုင် ၁၈ ရက်က အင်းစိန်မြို့နယ်တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ စွဲချက်တင် အမိန့် ချမှတ်လိုက်ပါတယ်။ အခုလို အမိန့်ချမှတ်ခဲ့တဲ့အပေါ် စွပ်စွဲခံရသူက အပြစ်မရှိကြောင်း ငြင်းဆိုခဲ့တဲ့အတွက် တရားလိုပြ သက်သေ ၅ ဦးထဲက ၂ ဦးကို ပြန်ခေါ်သက်သေအဖြစ် နောက်တပတ်ရုံးချိန်းတွေမှာ စစ်ဆေးသွားမယ်လို့ မင်းထင်ကိုကိုကြီးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးရောဘတ်ဆန်းအောင် ပြောပါတယ်။ လက်ရှိမှာ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို တပ်မတော်က ပုဒ်မ၅၀၅(က) ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)တို့နဲ့ အင်းစိန်ရဲစခန်းမှာ အမှုဖွင့်တရားစွဲဆိုထားတာပါ။ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)နဲ့ ပတ်သက်လို့တော့ ရဲစခန်းကနေ အခုချိန်ထိ တရားရုံးကို တင်လာခြင်းမရှိသေးဘူးလို့ ရှေ့နေက ဆိုပါတယ်။ ဒါရိုက်တာမင်းထင်ကိုကိုကြီးအမှုကို တရားလိုပြသက်သေ ၅ ဦး စစ်ဆေးပြီးတဲ့အချိန်မှာ အခုလို ပုဒ်မ ၅၀၅(က)နဲ့ စွဲချက်တင်အမိန့်ချမှတ်ခဲ့တာပါ။ ဒါရိုက်တာမင်းထင်ကိုကိုကြီးဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တပ်မတော်အကြီးအကဲ နဲ့ တပ်မတော်သားတွေရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေအောင်၊  တပ်မတော်အပေါ် အများပြည်သူက အကြည်ညိုပျက်အောင် ရေးသားခဲ့တယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုဗိုလ်မှူးကြီး လင်းထွန်းက မတ်လ ၂၉  ရက်နေ့က တရားလိုပြုလုပ်တိုင်ကြားခဲ့တာပါ။ ချမ်းမြေ့မောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024