DVB Logo
Home
မြန်မာသတင်း
မြန်မာမော်ဒယ် ပိုင်တံခွန် ထိုင်းမလေးတွေအကြား ရေပန်းစားနေ (ရုပ်သံ) 
DVB
·
July 18, 2019
မြန်မာမော်ဒယ် ပိုင်တံခွန် ထိုင်းမလေးတွေအကြား ရေပန်းစားနေ (ရုပ်သံ) 
Donate to DVB

မြန်မာနိုင်ငံက အဆိုတော်၊ မော်ဒယ်နဲ့ သရုပ်ဆောင် ပိုင်တံခွန်ဟာ  ခုလပိုင်းအတွင်း ထိုင်း လူမှုကွန်ရက် မီဒီယာမှာ ရေပန်းစားနေပြီး ထိုင်းအမျိုးသမီးပရိတ်သတ်တွေရဲ့ အားပေးမှုတွေ ရရှိနေပါတယ်။

အရပ်မြင့်မြင့်၊ ရုပ်ဖြောင့်ဖြောင့်၊ စတိုင်ကျကျဟန်ပန်နဲ့ သူ့ဓာတ်ပုံတွေ ထိုင်းဆိုရှယ်မီဒီယာ မှာ ပျံ့နှံ့နေပြီးတဲ့နောက် thairath, kappok, workpoint, tnews, siamrath, news clear, channal 3, tenee.com အစရှိတဲ့ သတင်းဌာနတွေကလည်း သူ့ရဲ့ ပရိုဖိုင်းလ်တွေ စုံစမ်းရှာဖွေပြီး သတင်းတွေ ဖော်ပြခဲ့ကြပါတယ်။

ထိုင်းသတင်းဌာနတို့ရဲ့ စုံစမ်းဖော်ပြချက်ထဲမှာ ပိုင်တံခွန်ဆိုသူမှာ မြန်မာပြည်က ထင်ရှားကျော်ကြားသူ တဦးဖြစ်ကြောင်း၊ သူဟာ အဆိုတော်၊ မော်ဒယ်၊ သရုပ်ဆောင် မင်းသားဖြစ်ပြီး အဖျော်ယမကာ၊ တယ်လီဖုန်း၊ မော်တော်ကား၊ အလှကုန်ပစ္စည်း အစရှိတဲ့ ပစ္စည်းအမျိုးမျိုးကို ကြော်ငြာရိုက်နေရသူဖြစ်ကြောင်း၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းအနေနဲ့ UAB ဘဏ်လုပ်ငန်းမှာ အစုရှယ်ယာပါဝင်ပြီး အလှကုန်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီလည်းရှိတယ်လို့ ဖော်ပြကြပါတယ်။

သူ့မွေးနေ့ကတော့ ၁၉၉၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ဖြစ်ပြီး  မွေးရပ်က ထိုင်းနိုင်ငံ ရနောင်းရဲ့ တဘက်ကမ်း ကော့သောင်းမြို့က ဖြစ်ကြောင်း၊ လက်ရှိမှာတော့ ရန်ကုန်မှာ နေထိုင် တယ်လို့ ဖော်ပြပါတယ်။

ပိုင်တံခွန်ရဲ့ အရပ်အမောင်းမှာ ၁၇၈ စင်တီမီတာရှိပြီး ဂီတာတီးတတ်သူ၊ တင်းနစ်နဲ့ ဘောလုံးကစားရာမှာ ၀ါသနာပါသူ၊ ခွေး၊ ကြောင် စတဲ့ အိမ်မွေးတိရစ္ဆာန်တွေ ချစ်တတ်သူတဦး ဖြစ်တယ်လို့ ပြောပါတယ်။

သူ့ရဲ့ ဆိုရှယ်လ်မီဒီယာအကောင့်မှာ ဖေ့စ်ဘွတ်ခ်က paing takhon (ptk official)  ဖြစ်ပြီး follower ပေါင်း ၁ သန်းကျော်ရှိကြောင်း၊ အင်စတာဂရမ်ကလည်း paing - takhon ပင်ဖြစ်ကာ follower  ၃ သိန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

ပိုင်တံခွန်ဟာ သူ့ရဲ့ဖေ့စ်ဘွတ်ခ်ကနေ အင်္ဂလိပ်လိုရော ထိုင်းလိုပါ အချိန် ၁ မိနစ်ခန့်ကြာ ပြောဆိုနှုတ်ဆက်ထားတဲ့ ဗွီဒီယို ဖိုင်လေးတခု ထိုင်းပရိတ်သက်တွေအတွက် လွှင့်ထုတ်ခဲ့ပါတယ်။

အဆိုပါရုပ်သံမှာ သူက ထိုင်းပရိသတ်အားလုံးကို ချစ်ခင်ပါကြောင်း၊ သူ့ကိုအားပေးလို့ ကျေးဇူးတင်ကြောင်း၊ မကြာခင် ထိုင်းကိုသွားဖို့ရှိကြောင်း၊ အဲဒီကျမှ တွေ့ရအောင်၊ အားလုံးကို ထပ်ပြီး ကျေးဇူးတင်တယ် လို့ ပြောထားတာပါ။

ပိုင်တံခွန်က ထိုင်းစကားမပီပေမယ့် ကြိုးစားပြောဆိုထားတဲ့အပေါ် သဘောကျစွာ ချီးမွမ်း နေကြပြီး ထိုင်းမိန်းကလေးပရိတ်သတ်တွေက သူ့ကို ထိုင်းလိုသင်ပေးမယ့်အကြောင်း၊ တချို့ကတော့ သူနဲ့ ပြောဆိုဖို့ မြန်မာစကားသင်မယ့်အကြောင်း၊ သူထိုင်းကို ရောက်လာမယ့်တနေ့ မျှော်နေမယ့် အကြောင်း မှတ်ချက်တွေ ရေးသားထားကြပါတယ်။

ပိုင်တံခွန်ဟာ ထိုင်းမှာ နာမည်ကြီးခဲ့တဲ့ F4 , EXO စတဲ့ ကိုရီးယားမင်းသားနဲ့ တူကြောင်း၊ ဒါပေမယ့် သူ့မှာ မြန်မာ့ဟန်မြန်မာ့စတိုင်လ်လေးတော့ရှိနေကြောင်းလည်း အမျိုးမျိုးပြော ဆိုနေကြပါတယ်။

ပိုင်တံခွန်ရဲ့ နာမည်အသံထွက်ကိုတော့ ပြိန်ထားခေါင်း၊ ပြိုင်ထာခွန်း၊ ပိုက်တကုံး၊ နောင့် တကွန်း စသဖြင့် သူတို့ထင်သလို အသံထွက်နဲ့ ခေါ်ဝေါ်နေကြတာလည်း တွေ့နေရပါတယ်။

ဓာတ်ပုံ- Tkbtkb

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013