A d v e r t i s e m e n t With Us

မွမ်ဘိုင်းမြို့တွင် ၄ ထပ်အဆောက်အဦ ပြိုကျမှုကြောင့် သေဆုံးသူ ၁၀ ဦးထိမြင့်တက်

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြိုမှာ ဇူလိုင် ၁၆ ရက်နေ့က ၄ ထပ် အဆောက်အဦ ပြိုကျမှုကြောင့် သေဆုံးသူဦးရေ စုစုပေါင်း ၁၀ ယောက်အထိ မြင့်တက်လာပြီး ၈ ယောက်ထက်မနည်း ဒဏ်ရာရတယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။ အဆောက်အဦအတွင်း ပိတ်မိနေသူတွေကို ဖယ်ရှားတဲ့ ကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လုပ်နေပြီး အခုချိန်ထိ ၇ ယောက်ကို ကယ်ဆယ်ထားတယ်လို့ မြူနီစီပယ် ကော်မရှင်နာက ပြောပါတယ်။ ပြိုကျမှုဖြစ်တဲ့ ဒွန်ဂရီခရိုင်မှာ လမ်းတွေက ကျဉ်းမြောင်းတာမို့ ကယ်ဆယ်ရေး ပစ္စည်းကိရိယာ ပို့ဆောင်ရေးမှာ အခက်အခဲ ရှိနေတယ်လို့ မီးသတ်တပ်ဖွဲ့ ပြည်သူ့ဆက်ဆံရေး အရာရှိက ပြောပါတယ်။ အဲဒီပြိုကျ အဆောက်အဦဟာ သက်တမ်း အနှစ် ၁၀၀ နီးပါးရှိပြီး ပြိုကျတဲ့အကြောင်းရင်းကို စုံစမ်းသွားမယ်လို့ မဟာရာရှက်ထရာပြည်နယ် ဝန်ကြီးချုပ်က ပြောသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up