A d v e r t i s e m e n t With Us

ဒေါ်လာ ၈၇ သန်းခွဲတန် နိုင်ငံတကာအဆင့်မီပွဲရုံ ဒဂုံဆိပ်ကမ်း၌ တည်ဆောက်ခွင့်ပြု 

 အမေရိကန် ဒေါ်လာ သန်း ၉၀ နီးပါးတန်ကြေးရှိတဲ့ နိုင်ငံတကာအဆင့်မီ ပွဲရုံ တခုကို ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမှာ ဖွင့်လှစ်ဖို့ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးလိုက်ပါတယ်။ နိုင်ငံတကာအဆင့်မီပွဲရုံကို ဟောင်ကောင်အခြေစိုက်ကုမ္ပဏီတခုနဲ့ ပြည်တွင်းကုမ္ပဏီတခု ပူးပေါင်း ဖက်စပ်လုပ်ကိုင်ပြီး  ဒဂုံဆိပ်ကမ်းမြို့နယ် ရတနာလမ်းနဲ့ ပဲခူးမြစ် အကြားမှာရှိတဲ့ မြေဧက ၈၀ ၀န်းကျင်မှာ တည်ဆောက်သွားမှာဖြစ်ပါတယ်။ ကုန်လှောင်ရုံတွေ၊ ဈေးဝယ်စင်တာတွေနဲ့ ကုန်သွယ်မှု ပို့ ဆောင်ရေးကားဂိတ်တွေပါဝင်တဲ့ ဒီစီမံကိန်းဟာ ကန်ဒေါ်လာ ၈၇ သန်းခွဲတန်ဖိုးရှိပြီး ၃ နှစ်အတွင်း အပြီးတည်ဆောက်သွားမယ်လို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံက သိရပါတယ်။ စီမံကိန်းရဲ့ နာမည်ကိုတော့ Lesso Home Developmentလို့ အမည်ပေးထားပြီး မြန်မာနိုင်ငံသား ၄၀ ရာခိုင်နှုန်းနဲ့  ဟောင်ကောင်က ၆၀ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု လုပ်ငန်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘုရင့်နောင်ပွဲရုံနဲ့  သီရိမင်္ဂလာဈေးတွေဟာ အကြီးဆုံး ကုန်စုံပွဲရုံနဲ့ ကုန်စည်ဒိုင်တွေ ဖြစ်ပေမယ့် နိုင်ငံတကာအဆင်မီ ကုန်စုံပွဲရုံအဆင့်အတန်း မရှိတာကြောင့် နိုင်ငံတကာနဲ့ ကုန်သွယ်လို့ မရသေးပါဘူး။ လက်ရှိဆောက်လုပ်မယ့် ဒဂုံဆိပ်ကမ်းက ကုန်စုံပွဲရုံတွေကတော့ နိုင်ငံတကာကို တိုက်ရိုက်ကုန်သွယ်နိုင်မယ့်  စီမံကိန်းဖြစ်တယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up