Home
မြန်မာသတင်း
လာမည့် ၂၀၂၅ တွင် ရန်ကုန်မြို့ရေလိုအပ်ချက် ၉၀ ရာခိုင်နှုန်းအထိပေးရန် ဆောင်ရွက်နေ
သူဇာလင်း
·
July 15, 2019
66700233_2580717818618979_6636785767328776192_o
လာမည့် ၂၀၂၅ ခုနှစ်မှာ ရန်ကုန်မြို့ရေလိုအပ်ချက် ၉၀ ရာခိုင်နှုန်းအထိ ပေးဖို့ ဆောင်ရွက်နေပြီး လက်ရှိမှာ ရေပေးဝေမှုပမာဏက ၄၅ ရာခိုင်နှုန်းပဲ ရှိသေးတယ်လို့ မြို့တော်စည်ပင် တွဲဖက်အတွင်းရေးမှူးက ပြောပါတယ်။  ပြည်သူတွေ လိုအပ်နေတဲ့ ရေသုံးစွဲမှုကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ၉၀ ရာခိုင်နှုန်းအထိ ဖြန့်ဝေပေးသွားဖို့ စီစဉ်ထားတယ်လို့ ဇူလိုင် ၁၅ ရက်က ကျင်းပတဲ့ မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။  ရေပေးရေလှောင်ကန်ကြီးတွေကနေ ရေဝေးနေရာကနေ တိုးမြစ် ရေပေးဝေရေး စီမံကိန်းကိုပါ တိုးချဲ့ပေးသွားဖို့ရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် လာမယ် ၂၀၄၀ အတွင်းမှာ ရန်ကုန်မြို့လူဦးရေ ၁၀ သန်းလောက်ရှိလာနိုင်ပြီး အဲဒီတိုးလာတဲ့ သူတွေရဲ့ ရေလိုအပ်ချက်တွေကို အပြည့်အဝပေးနိုင်အောင် ဆောင်ရွက်နေတယ် လို့လည်း ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024