Home
မြန်မာသတင်း
မိုးရွာသွန်းမှုကြောင့် ရန်ကုန်-ဂွကားလမ်း မြေသားနိမ့်ကျ အက်ကွဲ၊ ကားများ ပိတ်ဆို့မှုဖြစ် 
DVB
·
July 15, 2019
66848940_851623628557090_8442264665651675136_n
66845710_2460097407607895_7040996976485203968_n
66798107_851623555223764_6406305036107776000_n
66781234_851623655223754_7452766417549524992_n
66760801_2460097487607887_4807382445173243904_o
ရန်ကုန်-ဂွ ကားလမ်း၊ ရခိုင်ရိုးမပေါ်မှာ မိုးရွာတာများပြီး ကားလမ်းနိမ့်ကျအက်ကွဲ ခဲ့တယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။ ဂွမြို့နယ်ထဲက ရန်ကုန်-ငါးသိုင်းချောင်း-ဂွ ကားလမ်း ကီလိုမီတာတိုင် ၃၈ နဲ့ ၃၉ ကြား ဒေါင်းချောင်းကျေးရွာအုပ်စု၊ ဗောဓိရွာနားမှာ ဒီမနက် ၄ နာရီခွဲလောက်က ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီလမ်းဟာ ကတ္တရာလမ်းဖြစ်ပြီး လမ်းနိမ့်ကျအက်ကွဲတာဟာ အလျား ပေ ၁၀၀ လောက်၊ အကျယ် ၁၅ ပေလောက်ရှိပြီး ၁ ပေခွဲလောက်နိမ့်ကျခဲ့တာပါ။ လမ်းနိမ့်ကျနေလို့ ဒီမနက် ရန်ကုန်ကနေ ဂွကို မောင်းနှင်လာတဲ့ မျိုးဆက်သစ်ယာဉ်လိုင်းက ကားတစီးဟာ လမ်းဘယ်ဘက်၊ တောင်နံရံဘက်ခြမ်းက ကွေ့ပြီးမောင်းရာမှာ ဘီးကျွံခဲ့တာကြောင့် ကားလမ်းလည်း ခဏပိတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024