Home
မြန်မာသတင်း
မြင်းခြံ​​ဒေသထွက်​ ကွမ်းနုဝါ​ဈေး ဆက်​တိုက်​ကျဆင်း​၊ တောင်သူများ အရှုံးပေါ်
DVB
·
July 13, 2019
မန္တလေးတိုင်း​၊ မြင်းခြံမြို့နယ်​ အနီးတဝိုက်​​ဒေသ​တွေမှာ စိုက်​ပျိုးကြတဲ့ ကွမ်းနုဝါ ​ဈေးနှုန်း​တွေဟာ ဆက်​တိုက်​ကျဆင်း​နေတာ​ကြောင့်​ ကွမ်းစိုက်​ပျိုးတဲ့ ​တောင်​သူ​တွေ အရှုံးပေါ်နေတယ်လို့ ကွမ်းနုဝါစိုက်​ပျိုးတဲ့ ဝက်​လူး​ကျေးရွာမှ ​တောင်​သူ ဦး​ဇော်​မိုးက ​ပြောပါတယ်​။ "ခုဆိုရင်​ ဒီ​ဒေသက မိုးအရမ်း​ခေါင်​​တော့ အခြားသီးနှံစိုက်​ပျိုးလို့မရ​တော့ဘူး၊ ဒါ​ပေမယ့် ကွမ်းက နှစ်​ရှည်​ပင်​ဖြစ်​တဲ့အတွက်​ ​ရေသွင်းပြီးစိုက်​ကြရတယ်​။ စက်​နဲ့​ရေးသွင်းရတဲ့ စရိတ်​​တွေ အလုပ်​သမားခ​တွေ၊ ​မြေသြဇာ​ဈေး​တွေကကြီး​တော့ ကုန်​ကျစရိတ်​​တွေကများပါတယ်​။ ခုဆို ကွမ်းရွက်​​ဈေးနှုန်းက ကျ​နေ​တော့ အရှုံးဖြစ်​​နေတယ်​။ အခြားသီးနှံနဲ့စာရင်​ ကွမ်းက​တော့ တ​နှစ်​ပတ်​လုံး ထွက်​ရှိ​နေ​တော့ ပုံမှန်​ဝင်​​ငွေရတယ်​ဆိုပြီး စိုက်​ပျိုးကြတာလို ဒီဗွီဘီကို​ပြောပါတယ်​။ ကွမ်းနုဝါ​တွေကို မြင်းခြံမြို့နယ်​ နဲ့ နွားထိုးကြီးမြို့နယ်​​တွေမှာ စိုက်​ပျိုး​နေကြတာပါ။ ကွမ်းရွက်​​ရောင်းဝယ်​​ရေးပွဲရုံမှ မခိုင်​က "ကွမ်း​ဈေး​တွေက ဆက်​ကျဖို့ရှိတယ်​၊ ​ဆောင်းရာသီဆိုရင်​​တော့ ပြန်​ပြီး ​ဈေးနှုန်းမြင့်​လာတက်​ပါတယ်​။ ပြီးခဲ့တဲ့ တပိုတွဲ၊ တ​ပေါင်း၊ တန်​ခူးလ​တွေက ကွမ်းရွက်​ ၁ ​ပိဿာကို ၁ ​သောင်း​ကျော်​အထိ ဖြစ်​ခဲ့တယ်​။ အဲ့​နောက် ​ကွမ်းရွက်​အထွက်​များလာတာရယ်​၊ အ​ရောင်းအဝယ်​မ​ကောင်းတာရယ်​​ကြောင့်​ ကွမ်း​ဈေး​တွေ ဆက်​တိုက်​ကျလာတာ” လို့ ပြောပါတယ်။ မြင်းခြံမြို့မှာ ​နေ့စဉ်​ ကွမ်းပိဿာချိန်​ ၅၀၀၀ ခန့်​ ဝင်​​ရောက်​​နေပြီး မိတ္ထီလာ၊ ​ကျောက်​ပန်း​တောင်းနဲ့ အခြားမြို့နယ်​​တွေကိုပါ တင်​ပို့​ရောင်းချ​နေကြတာ ဖြစ်​ပါတယ်​။ လက်​ရှိ ကွမ်းနုဝါ ၁ ပိဿာ ​ပေါက်​​ဈေးဟာ အနုအကြမ်း​ပေါ်မူတည်​ပြီး ၁၂၀၀ ကျပ်​မှ ၁၃၀၀ ကျပ်​တို့နဲ့ ​ရောင်းချ​နေကြတာပါ။ သတင်း၊ဓာတ်​ပုံ-ရီရီထွန်း (မြင်းခြံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024