DVB Logo
Home
မြန်မာသတင်း
ဝိညာဉ်လောကနှင့် လူ့လောကကြားက ဘ၀ဇာတ်ကြောင်း မြန်မာရုပ်ရှင်-ကြိမ်နှုန်း (နမူနာ)
DVB
·
July 12, 2019
ဝိညာဉ်လောကနှင့် လူ့လောကကြားက ဘ၀ဇာတ်ကြောင်း မြန်မာရုပ်ရှင်-ကြိမ်နှုန်း (နမူနာ)
Donate to DVB

ကိုလိုနီခေတ်နောက်ခံ အမျိုးသမီးတဦးရဲ့ ၀ိညာဉ်လောကနဲ့ လူ့လောကကြားက ဘ၀ဇာတ်ကြောင်းကို ပုံဖော်ရိုက်ကူးထားခဲ့တဲ့ သွေးပျက်ထိတ်လန့်ဖွယ် ကြိမ်နှုန်းရုပ်ရှင်ကားကို လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာ ရုံတင်ပြသသွားဖို့ ရှိနေပါတယ်။

ဒီကားကိုတော့ SY FILM PRODUCTION ကနေ တင်ဆက်လိုက်တာဖြစ်ပြီး ဒီဒီ မြင့်မိုရ် ၊ မင်းပိုင်မြတ်သူတို့ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ခန့်မာန်ထည်က ရိုက်ကူးပုံဖော်ပေးထားတာပါ။

ကိုလိုနီခေတ် တောင်ပေါ်မြို့လေးတမြို့ဖြစ်တဲ့ မေမြို့မှာ မေဆိုတဲ့ မိန်းကလေး တယောက်ဟာ ဆင်းဆင်းရဲရဲနဲ့ မွေးဖွားကြီးပြင်းလာပြီး သူ့ရဲ့ အိပ်မက်ကတော့ ချမ်းသာ ကြွယ်ဝချင်တဲ့ လိုချင်တပ်မက်မှုတခု ဖြစ်လာခဲ့ပါတယ်။ တနေ့မှာတော့ မေဟာ စုန်း၊ ကဝေ မကောင်းဆိုးဝါး အတတ်တွေ တတ်ကျွမ်းတဲ့ အမျိုးသမီးကြီးတယောက်နဲ့ တွေ့ဆုံမိခဲ့ချိန်မှာတော့ ဘ၀ဟာတဆစ်ချိုးပြောင်းလဲဖို့ ဖြစ်လာခဲ့ပါတယ်။ အဲဒီအမျိုးသမီးကြီးရဲ့ အကူအညီနဲ့ ချမ်းသာကြွယ်ဝချင်တဲ့ မေဟာ နတ်ဆိုးတပါးဆီက ကြွယ်ဝချမ်းသာတဲ့ မိသားစုဘ၀ ရအောင် ပူဇော်ကန်တော့ပွဲလုပ်ပြီး သူလိုချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ်ဆိုရင် နတ်ဆိုးကြီးလိုချင်တဲ့ ဆန္ဒတွေကိုလည်း တသွေမတိမ်း လိုက်နာဆောင်ရွက်ပေးမယ်လို့ လွယ်လွယ်ကတိပေးလိုက်မိတယ်။ အဲဒီလိုဆုတောင်းပြီး မကြာခင်မှာပဲ ချမ်းသာကြွယ်ဝတဲ့ အင်္ဂလိပ်စစ်ဗိုလ်ကြီး တဦးနဲ့ အကြောင်းပါပြီး မေလိုချင်တဲ့ ဘဝအခြေအနေကို ရောက်သွားခဲ့ပါတော့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ မေက နတ်ဆိုးကြီးကို ပေးခဲ့တဲ့ ကတိတွေကို မေ့လျော့နေခဲ့ချိန်မှာ ကတိမတည်တဲ့ မေ ဘယ်လိုကြမ္မာဆိုးတွေ ကြုံရမလဲ။ ဘယ်လိုသွေးပျက်ထိတ်လန့်စရာ ဘ၀အခြေအနေတွေနဲ့ ရင်ဆိုင်ရမလဲဆိုတာတွေကို ဒီကားထဲမှာ ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာတော့ နာမည်ကြီး ၀ါရင့်သရုပ်ဆောင်မင်းသမီး ၂ ဦးဖြစ်ကြတဲ့ အိန္ဒြာကျော်ဇင်နဲ့ ထွန်းအိန္ဒြာဗိုတို့က ခေါင်းဆောင်ပါဝင်ထားကြပြီး တခြားသရုပ် ဆောင်သစ်တွေလည်း အများကြီး ပါဝင်ထားကြတာပါ။

ကြိမ်နှုန်းရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇူလိုင် ၁၀ ရက်နေ့က ရန်ကုန်မြို့၊ Junction City ရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာပါ။

ရုံမတင်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာတော့ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၂ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013