A d v e r t i s e m e n t With Us

မအေးသောင်းအပါအ၀င် နှလုံးသားထဲကပုဂံအဖွဲ့ ရန်ကုန်ပြန်ရောက် 

သရုပ်ဆောင်မင်းသမီး အေးဝတ်ရည်သောင်းအပါအ၀င် နှလုံးသားထဲက ပုဂံအဖွဲ့ဟာ အဇာဘိုင်ဂျန်နိုင်ငံကနေ ရန်ကုန်လေဆိပ်ကို  ဒီကနေ့မနက်က ပြန်လည်ရောက်ရှိလာပါတယ်။ ဒီအဖွဲ့ဟာ အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့ (ယူနက်စကို) ရဲ့ ၄၃ ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူတွေနဲ့အတူ တက်ရောက်ခဲ့တာပါ။ ဒီအစည်းအဝေးမှာ မြန်မာ့ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတခုဖြစ်တဲ့  ပုဂံဒေသကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် ယူနက်စကိုအဖွဲ့က ဇူလိုင် ၆ ရက်မှာ သတ်မှတ် ကြေညာခဲ့ပါတယ်။ ပြည့်ဖြိုးကျော် 

A d v e r t i s e m e n t With Us

More News
Up