Home
မြန်မာသတင်း
မိတ္ထီလာတွင် စစ်ကျန်ဗုံးသီးဟောင်း ၆ လုံးတွေ့ရှိ
DVB
·
July 11, 2019
66797167_2968582106614120_943835723474141184_n
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ဝန်ဇင်းရပ်ကွက် နယ်မြေ(၇)မှာ ဇူလိုင်လ ၁၀ ရက်နေ့ ညနေက ရေကန်အနီးမှာ စစ်ကျန်ဗုံးသီးဟောင်း ၆လုံး တွေ့ရှိပါတယ်။ မိတ္ထီလာ အမှတ် ၂ ရဲစခန်း တာဝန်ကျရဲအရာရှိက "ဟုတ်ပါတယ်။ သံချေးတက်နေတဲ့ စစ်ကျန်ဗုံးသီးဟောင်း ၆လုံးတွေ့ပါတယ်။ စစ်မြေပြင်အင်ဂျင်နီယာတပ်ကို စနစ်တကျလွှဲပြောင်း ပေးမှာပါ"လို့ ပြောပါတယ်။ အလျား ၁၃လက်မ လုံးပတ် ၁၃ လက်မ၊ ထု ၄လက်မ ရှိ ၁လုံး၊ အလျား ၁၂လက်မ လုံးပတ် ၁၁ လက်မ ထု ၄ လက်မရှိ ၂ လုံး၊ အလျား ၁၅ လက်မ လုံးပတ် ၁၂လက်မ ထု ၄လက်မ ၁လုံး၊ အလျား ၉ လုံးပတ် ၉ ထု ၃လက်မ ရှိ ၁လုံး၊ အလျား ၁၁ လက်မ လုံးပတ် ၁၀ လက်မ ထု ၃ လက်မရှိ ၁ လုံး စုစုပေါင်း ၆လုံး တွေ့ရှိခဲ့ပါတယ်။  စစ်ကျန်ဗုံးသီးဟောင်း ၆ လုံးကို ဦးသိန်းအောင် (၇၆နှစ်) အမဲလိုက်သွားရင်း တွေ့ရှိ ကောက်ယူခဲ့ပြီး အိမ်အရှေ့ဘက်ရှိ ရေကန်နားမှာ ထားခဲ့ပါတယ်။ ဒေသခံဦးဆွေဝင်းက "စစ်ကျန် ဗုံးသီးဟောင်းတွေပါ သံချေးတွေတက်နေပါပြီ။ တောထဲက ကောက်လာတာလို့ သိရတယ်" လို့ ပြောပါတယ်။ ညပိုင်းမှာ အမှတ်(၉၁၁)စစ်မြေပြင် အင်ဂျင်နီယာတပ်က စနစ်တကျ လွှဲပြောင်းယူသွားပြီ ဖြစ်ပါတယ်။ သတင်း-ဓာတ်ပုံ-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024