Home
မြန်မာသတင်း
ကေအန်ယူနှင့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်တွင်ဆွေးနွေး 
အောင်သူ
·
July 9, 2019
အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကိုယ်စားလှယ်အဖွဲ့တို့ ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန မှာ ဇူလိုင် ၉ ရက်နေ့က အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ၈ ကြိမ်မြောက် အဲဒီတွေ့ဆုံပွဲမှာ အစိုးရဘက်ကနေ ပြီးခဲ့တဲ့ အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးမှာ အဆိုပြုခဲ့တဲ့  အန်စီအေအဓိပ္ပါယ် ဖွင့်ဆိုချက်တွေ ကြားကာလ ဆောင်ရွက်တွေ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ မှာ ဖက်ဒရယ်မူတွေရရှိဖို့၊ ၂၀၂၀ မတိုင်ခင်နဲ့ ၂၀၂၀အလွန်မှာ အစိုးရအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဆွေးနွေးဖက်တွေကြားမှာ အဆင့်လိုက် ဆောင်ရွက်မှာတွေအပြင် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေ ပါဝင်လာရေးကို ပြန်လည်ဆွေးနွေး ခဲ့ကြတာပါ။ ကရင်အမျိုးသားအစည်းအရုံးအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ တရားဝင်ဆွေးနွေးမှု တွေကို ယာယီရပ်ဆိုင်းထားပြီး အလွတ်သဘောဆွေးနွေးမှု လမ်းကြောင်းကနေတဆင့် ဆွေးနွေး အဖြေရှာမယ်လို့ ထုတ်ပြန်ထားပါတယ်။  အဲဒီနောက်ပိုင်းမှာ ထိုင်းနိုင်ငံ၊ ချင်းမိုင်အပါအဝင် ရန်ကုန်နဲ့ နေပြည်တော်မှာ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ အလွတ်သဘောဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပြီး အခု ၈ ကြိမ်မြောက်ဆွေးနွေးပွဲမှာ အန်စီအေအရ ကြားကာလဆောင်ရွက်ရမယ့် အကြောင်းအရာတွေကို ဆွေးနွေးခဲ့တယ်လို့  နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြာရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။  အခုဆွေးနွေးပွဲကနေ သဘောထားစုစည်းချက် ၅ ချက်ရရှိခဲ့ပြီး အစိုးရဘက်ကနေ  ကေအန်ယူဘက်ကိုပေးလိုက်တဲ့ ကမ်းလှမ်းချက်တွေကို သူတို့အဖွဲ့အစည်းအတွင်းဆွေးနွေးပြီး   လာမယ့် သြဂုတ်လ အတွင်းပြန်လည် တွေ့ကြဖို့ရှိပါတယ်။ ဓာတ်ပုံ - Hla Maung Shwe
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024