DVB Logo
Home
မြန်မာသတင်း
မိုင်းတုံမြို့တွင်​ အသက်​ ၆၀ အရွယ်​ အမျိုးသားတ​ဦး​ ခေါင်းဖြတ်​အသတ်​ခံရ
DVB
·
July 9, 2019
မိုင်းတုံမြို့တွင်​ အသက်​ ၆၀ အရွယ်​ အမျိုးသားတ​ဦး​ ခေါင်းဖြတ်​အသတ်​ခံရ
1 / 3
Donate to DVB

ရှမ်းပြည်​နယ်​အ​ရှေ့ပိုင်း၊ မိုင်းတုံမြို့​၊ နောင်​ပါရင်​ရပ်​ကွက်​​​နေ အသက် ၆၀ နှစ်အရွယ်​ရှိ အမျိုးသားတ​ဦး ဒီနေ့ မနက်​ ၁၀ နာရီလောက်က ​တောင်​ယာအတွက် ပေါင်းရှင်းလင်း​နေစဉ် ​ဦး​ခေါင်းဖြတ် အသတ်​ခံခဲ့ရ​တယ်လို့  နယ်မြေရဲ စခန်းမှူးက ပြောပါတယ်။

“သတင်းရရချင်း အခင်းဖြစ်​​နေရာကို​ရောက်​​တော့ လူတ​ဦးကို​ဘေး​စောင်းအ​နေအထားနဲ့ ဦး​ခေါင်းဖြတ်​ အသတ်​ခံထားရတာ​တွေ့ရပြီး ဦး​ခေါင်းကို ချက်​ချင်းရှာမ​တွေ့​ဘဲ တပ်​ဖွဲ့ဝင်​​တွေနဲ့ ဖြန့်​ခွဲရှာ​ဖွေရာက အခင်းဖြစ်​​နေရာရဲ့ တောင်​ဖက်​​ပေ ၂၅၀ လောက်အကွာ​ တောထဲမြက်​ရိုင်းပင်​​ တွေ ကြားက စစ်​တပ်​သုံး​စောင်​ကြားအစိမ်း​ရောင်​နဲ့ ထုပ်​လျက်​ပြန်​​တွေ့ခဲ့ရပြီး တရားခံရဲ့ ပစ္စည်းလို့ ယူဆရတဲ့ ဦးထုပ်၊ ​သွေးစွန်း​နေတဲ့အင်္ကျီ၊ လူသတ်​ရာမှာ အသုံးပြုခဲ့တဲ့ အရှည်​တပေခွဲရှိ ဓားမ တချောင်းတို့ကို သိမ်းဆည်းရမိခဲ့ပါတယ်​" လို့ စခန်းမှူး ဒုရဲမှူးသန်းလွင်​က​ ပြောပါတယ်​။

သေဆုံးသူဟာ အသက် ၆၀ အရွယ် ကချင်တိုင်းရင်းသား ဦးအိုက်​တူးဟာ  ဒီနေ့ မနက်​ပိုင်းက ဇနီးဖြစ်​သူနဲ့ စကားများကာ ​တောင်​ယာသို့ ထွက်​ခွာသွား​ခဲ့​တာပါ။

မနက်​ ၁၀ နာရီလောက်မှာတော့ ဇနီးဖြစ်​သူ​ ဒေါ်နာ​မွေနဲ့ တ​အိမ်​တည်းအတူ​နေထိုင်​သူ ​ကျော်​​ရွှေပါတို့က တောင်​ယာသို့ ထမင်းသွား​ရောက်​ပို့​ဆောင်​စဉ်​ ဦးအိုက်​တူးမှာ ဦး​ခေါင်းပြတ်​​သေ ဆုံး​နေ​တာကို တွေ့ရှိခဲ့တာလို့ဆိုပါတယ်။

ရဲတပ်​ဖွဲ့ဝင်တွေက ဒေါ်နာမွေ ကို စစ်​​ဆေး​မေးမြန်းဖို့ နေအိမ်​ကို လိုက်သွားစဉ်​ ဒေါ်နာမွေက နေအိမ်​သော့ခတ်​ပြီး တိမ်း​ရှောင်​​နေခဲ့တယ်လို့လည်း ရဲစခန်းမှူးကပြောပါတယ်။

ရဲတပ်ဖွဲ့က ရပ်​ကွက်​အတွင်း စုံစမ်းစစ်​​ဆေးခဲ့ပြီး အခင်းဖြစ်​​နေရာအနီး ​နေအိမ်​တလုံးရဲ့ အိမ်​သာထဲမှာ ဒေါ်နာမွေကို ရွှေဆွဲကြိုး ၃ ကုံး၊ လက်​စွပ်​ ၂ ကွင်း၊ မြန်​မာကျပ်​​ငွေ ၁၃ သိန်း​ကျော်​၊ ထိုင်းဘတ်​​ငွေ ၅၉၀၀၀၊ အဝတ်​အစားအိတ်​တို့နဲ့ အတူတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

လတ်တလောရဲ့ ဒေါ်နာမွေကို သံသယ တရားခံအဖြစ် ရဲ့ ထိန်းသိမ်းကာ စုံစမ်းစစ်​​ဆေး​နေပြီး သံသယတရားခံ​ ကျော်​​ရွှေပါကတော့ ပျောက်​ဆုံးနေတဲ့အတွက် ရဲတပ်​ဖွဲ့က ဆက်လက် စုံစမ်း ရှာဖွေနေပါတယ်​။

သတင်း-  ​အောင်​​ဇေယျ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013