အန်အယ်လ်ဒီ ဆိပ်ကမ်းအမတ် ဦးသန်းထိုက်အောင် လွှတ်တော်တွင် ကတိသစ္စာပြု
အာကာ
·
July 9, 2019
ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)က လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်အောင်ဟာ ဒီနေ့ ဇူလိုင် ၉ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ကတိသစ္စာပြုလိုက်ပါတယ်။
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲမှာ ဆိပ်ကမ်းမဲဆန္ဒနယ် အမှတ် (၂)ကနေ အနိုင်ရခဲ့တဲ့ ကြံ့ခိုင်ရေးပါတီလွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးအောင်ကို ရွေးကောက်ပွဲရှုံးခဲ့တဲ့ အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဦးသန်းထိုက်အောင်က ရွေးကောက်ပွဲဥပဒေနဲ့အညီ ကန့်ကွက် တိုင်ကြားခဲ့တာပါ။
ဒီတိုင်ကြားချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ခုံရုံးက စစ်ဆေးရာမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်အနေနဲ့ ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှုေ တွရှိခဲ့တယ်ဆိုပြီး ဇူလိုင် ၄ ရက်မှာ အန်အယ်လ်ဒီ ကိုယ်စားလှယ် ဦးသန်းထိုက်အောင်ကို အနိုင်ရ ကိုယ်စားလှယ် အဖြစ် ကြေညာခဲ့တာပါ။
ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ် ဦးနေမျိုးအောင်ဟာ ကိုယ်စားလှယ်လောင်း ၉ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဆိပ်ကမ်း၂ မဲဆန္ဒနယ်မှာ မဲအများဆုံးနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး ဦးသန်းထိုက်အောင် ကတော့ ဒုတိယမဲအများဆုံး ရခဲ့တာပါ။