A d v e r t i s e m e n t With Us

ပိန်းဇလုပ်မြို့တွင် မိုးသည်းထန်ရေကြီးနေသဖြင့် ကျောင်းနှင့် နေအိမ်များ အရေးပေါ်ပြောင်းရွှေ့

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်မြို့မှာ မနေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  မြေနိမ့်ပိုင်းမှာရှိတဲ့ စာသင်ကျောင်း ၃ ကျောင်းနဲ့ လူနေအိမ်တွေ ရေ၀င်ပြီး အရေးပေါ် ပြောင်းရွှေ့ခဲ့ရပါတယ်။  မိုးအဆက်မပြတ်ရွာလို့ အိမ်ထောင်စု ၁၆ အုပ်စုက လူဦးရေ ၅၂ ဦးကို ယာယီ ကယ်ဆယ်ရေးစခန်းကို အရေးပေါ်ပြောင်းရွှေ့ခဲ့ရသလို  အထက်တန်းကျောင်း တကျောင်းနဲ့ အ.လ.ကခွဲကျောင်း ၂ ကျောင်းကို ပိတ်ထားခဲ့ရတယ်လို့ မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ပိန်းဇလုပ်မြို့  မြို့မ ၁ နဲ့ ၂ ရပ်ကွက်တွေကို ရေဝင်ရောက်လာခဲ့တာဖြစ်ပြီး အိမ်ထောင်စု ၇၀၀ ကျော် ရေဘေးဒဏ်ခံနေရတာဖြစ်ပါတယ်။ ညဘက်မှာလည်း ဆေးရုံထဲကို ရေဝင်ရောက် လာတာကြောင့် အရေးပေါ်လူနာ ၁၀ ဦးကို တိုက်ကျောင်းဓမ္မာရုံကို ပြောင်းရွှေ့ ပေးခဲ့ရတယ်လို့ ပိန်းဇလုပ်မြို့ အုပ်ချုပ်ရေးမှူး ဦးလင်းအောင်က ဒီဗွီဘီ ကိုပြောပါတယ်။ "ဆေးရုံကပြောင်းရွှေ့ ပေးခဲ့ရတဲ့ လူနာတွေကိုရော တခြားလာပြတဲ့လူနာတွေကိုရော ဆရာဝန်နဲ့ ကျန်းမာရေးအဖွဲ့က ဓမ္မာရုံမှာပဲ ကုသမှုပေး နေပါတယ်။ ရေဝင်ရောက်မှုဒဏ် ခံနရတဲ့လူတွေကိုတော့ ထမင်းထုပ်တွေ လိုက်လံဝေပေးထားပြီး အရေးပေါ်တက်ဖြစ်လာရင် ကယ်ဆယ်ရေးစခန်းကို ပြောင်းရွှေ့ကြဖို့ နှိုးဆော်ထားပါတယ်" ရေဘေးသင့်ပြည်သူတွေ ကူညီထောက်ပံ့မှုရရှိဖို့ အထက်ကိုတင်ပြထားပြီး ဒီကနေ့ ဇူလိုင် ၉ ရက်အထိ ရေကျဆင်းခြင်းမရှိလို့ မြို့မိမြို့ဖတွေ၊ စေတနာရှင်တွေစုပေါင်းကာ ကူညီထောက်ပံ့ ပေးနေပါတယ်။ ညောင်လေးပင်မြို့မှာလည်း ဇူလိုင် ၈ ရက်က လေပြင်းတိုက်ခတ်လို့ နေအိမ်တွေ ပြိုကျပျက်စီးခဲ့ပါတယ်။ သတင်း- နေလင်းထိုက်

A d v e r t i s e m e n t With Us

More News
Up