Home
အနုပညာ
မြင့်မြတ်နှင့် ရွှေမှုံရတီတို့ပါဝင်သည့် ချာလီဘရုပ်ရှင် (နမူနာ)
DVB
·
July 9, 2019
64407717_341416429857053_7740096980872855552_n
     ပေါ့ပေါ့ပါးပါး မြန်မာ အချစ်ဟာသ ရုပ်ရှင်ပရိသတ်တွေ ကြိုက်နှစ်သက်ကြမယ့် ချာလီဘ ရုပ်ရှင်ကို လာမယ့် ဇူလိုင်လ ၁၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။      ဒီကားကိုတော့ လပ်ကီးဆဲဗင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး ဒါရိုက်တာ တည်တံ့က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းကတော့ တချိန်က နာမည်ကြီး ဟာသစာရေးဆရာကြီး ကြူမွှေးရဲ့ ၀တ္ထုကို ရုပ်ရှင်အနေနဲ့ အသက်သွင်းပုံဖော်ဖန်တီးလိုက်တာ ဖြစ်ပြီး လက်ရှိခေတ်ကာလ နဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုဟာသဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ရိုက်ကူးပုံ ဖော်ထားမလဲဆိုတာကိုတော့ မကြာခင်မှာ စောင့်မျှော်ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။ ဒီကားရဲ့ အဓိကဇာတ်ကောင် ချာလီဘနေရာမှာတော့ သရုပ်ဆောင်မင်းသား မြင့် မြတ်က ပါဝင်ထားပြီး သူနဲ့အတူ တခြားသရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ရွှေမှုံရတီ၊ ရဲအောင်၊ စိုးမြတ်သူဇာ၊ ခင်လှိုင်၊ ဂျိုကာစတဲ့ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က ရန်ကုန်မြို့ ၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၅ သန်းနီးပါး ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024