Email This Story :
ရိန်းဂျားစ်နည်းပြ ဂျရတ်ဟာ နယူးကာဆယ်နည်းပြ ရာထူးအတွက် ကမ်းလှမ်းမှုရခဲ့ပေမယ့် ပယ်ချခဲ့တယ်လို့ သိရပါတယ်။
နယူးကာဆယ်အသင်းဟာ နည်းပြ ဘင်နီတက်ဇ်နဲ့ လမ်းခွဲခဲ့တာကြောင့် နည်းပြသစ်တဦး ခန့်အပ်ဖို့ ရှာဖွေနေတာပါ။
အသင်းပိုင်ရှင် မိုက်အက်ရှ်လေဟာ လီဗာပူး ကစားသမားဟောင်းနဲ့ လက်ရှိ ရိန်းဂျားစ်အသင်းနည်းပြ ဂျရတ်ကို ခန့်အပ်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ဂျရတ်က လက်မခံဘဲ ပယ်ချခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၃၉ နှစ်ရှိ ဂျရတ်ဟာ ပြီးခဲ့တဲ့နှစ်ကစပြီး စကော့တန်ကလပ် ရိန်းဂျားစ်အသင်းကို နည်းပြချုပ်အဖြစ် စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ချန်ပီယံ ဆဲလ်တစ်အသင်းရဲ့ နောက် ဒုတိယနေရာမှာ ရပ်တည်ခဲ့ပါတယ်။