A d v e r t i s e m e n t With Us

မြိတ်ခရိုင်တွင် ဆဲဗင်းဇူလိုင် အခမ်းအနားကျင်းပ 

မြိတ်ခရိုင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှဦးဆောင်ပြီး ဆဲဗင်းဇူလိုင်အခမ်းအနားကို ဇူလိုင်လ ၇ ရက်နေ့ကကျင်းပခဲ့ပါတယ်။ မြိတ်မြို့ကမ်းနားလမ်း MFD Shop House အရှေ့မှာ ကျင်းပတဲ့ အခမ်းအနားကို ဒေသခံတွေ ဝန်းရံသူများလည်းတက်ရောက်ခဲ့ပါတယ်။ ''ကျနော်တို့ သမိုင်းကိုမမေ့အောင်၊ နှစ်စဉ်းကျင်းပတာပါ ဒီနှစ်မှာမြိတ်တက္ကသိုလ် ၃ ခု ဖြစ်တဲ့ နည်းပညာတက္ကသိုလ်၊ မြိတ်တက္ကသိုလ်နှင့် ကွန်ပျူတာတက္ကသိုလ်က ကျောင်းသူ/သား တွေ ပါဝင်ပါတယ်။ ကျောင်းတကျောင်းစီကကျောင်းသူ/သား ၂၀ ဦးစီ အားလုံး ၆၀ ပါဝင်ပါတယ်'' လို့ မြိတ်ခရိုင်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ခန့်ဇင်ဝေကပြောပါတယ်။ ဆဲဗင်းဇူလိုင်အခမ်းအနားမှာ ကျဆုံးသွားတဲ့ ရဟန်းပြည်သူကျောင်းသားတွေကို အလေးပြုတာ၊ ကဗျာရွတ်တာ၊ ဟောပြောတာတွေ ပြုလုပ်ခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေ၀င်း ခေါင်းဆောင်တဲ့ အာဏာသိမ်း တော်လှန်ရေးကောင်စီ စစ်အစိုးရလက်ထက် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦကို စစ်တပ်က ဒိုင်းနမိုက်နဲ့ ဖြိုချဖျက်ဆီးခဲ့ပြီး ကျောင်းသားတွေ ရာနဲ့ချီ ကျဆုံးခဲ့ရတဲ့ ဇူလိုင်လ ၇ ရက်နေ့ ရောက်တိုင်း  ကျောင်းသားသမဂ္ဂ အဆက်ဆက်က ၀မ်းနည်းခြင်း အမှတ်တရနေ့အဖြစ် သတ်မှတ်ကျင်းပလေ့ရှိတာပါ။ မြတ်ထွဋ် (မြိတ်)

A d v e r t i s e m e n t With Us

More News
Up