A d v e r t i s e m e n t With Us

တရားမဝင် ပယင်းတူးဖော်သူ ၆၈ ဦးကို တပ်မတော် ဖမ်းဆီး

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း တရားမဝင် ပယင်းတူးဖော်သူ ၆၈ ဦးကို ဖမ်းဆီးလိုက်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ တနိုင်းမြို့နယ်ထဲမှာ လုံခြုံရေး ဆောင်ရွက်နေတဲ့  တပ်ဖွဲ့ဝင်တွေက ဇူလိုင် ၄ ရက် မွန်းလွဲ ၁ နာရီ ၄၅မိနစ် လောက်က မိုင်ခွန်ကျေးရွာရဲ့ အနောက်တောင်ဘက် ၄ မိုင်လောက်မှာ တရားမဝင် ပယင်းတူးဖော်နေသူတွေကို အသုံးပြုတဲ့ပစ္စည်းတွေနဲ့ အတူဖမ်းဆီး ရမိခဲ့တာလို့ ဆိုပါတယ်။  ဖမ်းမိထားသူတွေကတော့ တနိုင်းမြို့နယ်၊ အေးသုခ ရပ်ကွက်နေ မျိုးမင်းထွန်း အပါအဝင် အမျိုးသား ၅၈ ဦး၊ အမျိုးသမီး ၁ဝ ဦး၊ စုစုပေါင်း ၆၈ ဦးဖြစ်တယ်လို့လည်း သိရပါတယ်။ ဖမ်းဆီးထားသူတွေကို တနိုင်းမြို့မ ရဲစခန်းကနေ လုပ်ထုံး လုပ်နည်းနဲ့ အညီ ဆက်လက် ဆောင်ရွက်နေတယ်လို့လည်း တပ်မတော် သတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ-CINCDS

A d v e r t i s e m e n t With Us

More News
Up