A d v e r t i s e m e n t With Us

မူကြိုကျောင်းသူ ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိရေး တောင်ငူမြို့တွင် ဆန္ဒပြ

နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းမှာ မဖွယ်မရာပြုကျင့်ခံခဲ့ရတဲ့ မူကြိုကျောင်းသူလေး ဗစ်တိုးရီးယားအတွက် တရားမျှတမှုရရှိဖို့  ​ဇူလိုင်​ ၇ ရက်​​ မွန်းလွဲပိုင်းက တောင်ငူမြို့မှာ ဒေသခံတွေက ဆန္ဒပြခဲ့ကြပါတယ်။ တောင်​ငူမြို့ ​ရွှေဆံ​တော်​ဘုရား အ​ရှေ့ဘက်​မုဒ်​ဦးကနေပြီး ​တောင်​ငူမြို့တွင်း​ဈေးလမ်း၊ ကုန်​သည်​ကြီးလမ်းနဲ့ ဗိုလ်​မှူးဖိုးကွန်းလမ်းအတိုင်း ​ကြွေး​ကြော်​သံ​တွေနဲ့ ရန်ကုန်​-မန္တ​လေး ကားလမ်း​ဘေးရှိ မင်းကြီးညိုရုပ်​ရှိရာနေရာအထိ လမ်း​လျှောက်​ချီတက်​ ဆန္ဒ​ထုတ်​ဖော်ခဲ့ ကြတာပါ။ တောင်ငူဒေသခံ လူအင်​အား ၃ဝဝ ​ကျော်​လောက်က ဗစ်တိုးရီးယားအတွက် တရားမျှတမှုကို ရှာဖွေပေးဖို့၊ ကလေးသူငယ်တွေအတွက် လွတ်လပ်လုံခြုံတဲ့ပတ်ဝန်းကျင် ဖန်တီးပေးဖို့နဲ့ နောက်ထပ် ဗစ်တိုးရီယားတွေ အလိုမရှိဆိုပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။   သားကြီး (တောင်ငူ)

A d v e r t i s e m e n t With Us

More News
Up