A d v e r t i s e m e n t With Us

အန်အယ်ဒီအစိုးရ စီမံခန့်ခွဲမှုလွဲမှား၊ ဥပဒေချိုးဖောက်နေဟု USDP အပါအ၀င် ၂၃ ပါတီဝေဖန်

လက်ရှိတိုင်းပြည်မှာ အန်အယ်လ်ဒီအစိုးရရဲ့ စီမံခန့်ခွဲမှုအမှားတွေနဲ့ လုပ်ဆောင်ချက် အမှားတွေအတွက် အလွန်ဝမ်းနည်းစရာကောင်းတယ်လို့ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ အပါအ၀င် နိုင်ငံရေးပါတီ ၂၃ ပါတီက ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ ဇူလိုင် ၅ ရက်က ရန်ကုန်မြို့ ကြံ့ခိုင်ရေးရုံးမှာ ပြုလုပ်တဲ့ လက်ရှိနိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီ ၂၃ ပါတီရဲ့ ပူးတွဲသဘောထားကြေညာချက် သတင်းစာရှင်းလင်းပွဲမှာ ပါတီကိုယ်စားပြု ကိုယ်စားလှယ်တွေက ဝေဖန်ပြောဆိုလိုက်တာပါ။ နိုင်ငံတော်အတိုင်ပင်ခံဥပဒေမှာ ကော်မရှင်ဖွဲ့စည်းဆောင်ရွက်ဖို့ လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ထားခြင်းမရှိတာကို ကျော်လွန်ပြီး ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းဆောင်ရွက်ခဲ့တာကြောင့် နိုင်ငံတကာဖိအားတွေ ရင်ဆိုင်တွေ့ကြုံနေရတယ်ဆိုတဲ့အချက် အပါအ၀င်အချက်ကိုးချက်ကိုလည်း နိုင်ငံရေးပါတီ ၂၃ ပါတီရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up