Monday, May 29, 2023
HomeLead Storyနာမည်ကြီး Annabelle သရဲကားကြည့်ပြီး ရုပ်ရှင်ရုံတွင်း သေဆုံးခဲ့သည့် အဘိုးအို (ရုပ်သံ)

နာမည်ကြီး Annabelle သရဲကားကြည့်ပြီး ရုပ်ရှင်ရုံတွင်း သေဆုံးခဲ့သည့် အဘိုးအို (ရုပ်သံ)


ထိုင်းနိုင်ငံမှာ အဘိုးအိုတဦးဟာ လတ်တလော ရုံတင်ပြသနေတဲ့ နာမည်ကြီးသရဲကား Annabelle ကို ကြည့်နေရင်း ရုပ်ရှင်ရုံထဲမှာ သေဆုံးသွားခဲ့တယ်လို့ ကိုကိုးနတ်စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက် ညက ဖြစ်ခဲ့ပြီး သေဆုံးသူဟာ အသက် ၇၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဗြိတိန်နိုင်ငံသား အမျိုးသားတဦးဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ အခင်းဖြစ်တဲ့ ညသန်းခေါင်အချိန်ပွဲစဉ်မှာ နောက်ဆုံးထွက် နာမည်ကြီးရုပ်ရှင်ကား Annabelle Comes Home ကို ပတ္တယားရှော့ပင်းမောလ်က ရုပ်ရှင်ရုံမှာ ကြည့်ရှုခဲ့တာပါ။

သူဟာ ရုပ်ရှင်လက်မှတ် တစောင်တည်းဝယ်ကာ ကြည့်ရှုခဲ့တာဖြစ်ပြီး ရုပ်ရှင်အပြီး မီးတွေလင်းလာချိန်မှာတော့ သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဝန်ထမ်းတွေက ဆိုပါတယ်။

လတ်တလောမှာတော့ သူ့ရဲ့အလောင်းကို ဘန်လမောင်ဆေးရုံကို ပို့ဆောင်ပြီး ဘာကြောင့် သေဆုံးရတယ်ဆိုတဲ့ အကြောင်းရင်းကို သိနိုင်ဖို့ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ပတ္တယားရဲတပ်ဖွဲ့ကတော့ သေဆုံးသူရဲ့ နောက်ကြောင်းကို သိနိုင်ဖို့ စုံစမ်းနေကြပါတယ်။

သတင်းဌာနအနေနဲ့ အဲဒီအဘိုးအို သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဖြေဆိုပေးဖို့ ရဲဌာနက ဗိုလ်မှူးကြီးတဦးဖြစ်တဲ့ ပိုလာပတ်သန်မဆနွန်ကို ဆက်သွယ်ခဲ့ပေမယ့် အစည်းအဝေးခန်းထဲ ရောက်နေတာမို့ မဖြေကြားနိုင်ခဲ့ပါဘူး။

ဒါပေမယ့် နောက်ထပ် ဗိုလ်မှူးကြီးတဦးဖြစ်တဲ့ ပရာဝတ်ချိုဆန်ကတော့ သေဆုံးခဲ့သူမှာ ကျန်းမာရေးချို့ယွင်းမှု တခုခု ရှိနေတာ ဖြစ်နိုင်တယ်လို့ ဖြေကြားခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular