Sunday, June 11, 2023
HomeLead Storyဟန်ဒူးရပ်စ်တွင် ကျောက်ပုစွန်ဖမ်းသည့်သင်္ဘော တိမ်းမှောက်၊ ၂၆ ဦးထက်မနည်း သေဆုံး

ဟန်ဒူးရပ်စ်တွင် ကျောက်ပုစွန်ဖမ်းသည့်သင်္ဘော တိမ်းမှောက်၊ ၂၆ ဦးထက်မနည်း သေဆုံး

ဟွန်ဒူးရပ်စ် ကမ်းလွန်ပင်လယ်ပြင်မှာ ဆိုးရွားတဲ့ ရာသီဥတု အခြေအနေအတွင်း ကျောက်ပုစွန်ဖမ်းတဲ့ သင်္ဘောတစီး တိမ်းမှောက်ခဲ့တာကြောင့် လူ ၂၆ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဟွန်ဒူးရပ်စ်စစ်တပ် ပြောခွင့်ရ အရာရှိတယောက်က ဇူလိုင် ၃ ရက်နေ့မှာ ပြောပါတယ်။

အဲဒီဖြစ်ရပ်ဟာ ဟွန်ဒူးရပ်စ်နိုင်ငံ သမိုင်းမှာ အဆိုးရွားဆုံး ပင်လယ်ပြင် မတော်တဆမှု တခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပွာတိုလမ်ပီယာမြို့ ကမ်းရိုးတန်း ရေပြင်နားမှာ အဲဒီသင်္ဘော တိမ်းမှောက်ခဲ့ပြီးနောက် လူ ၄၇ ယောက်ကို ကယ်ဆယ်ခဲ့တယ်လို့ အဲဒီအရာရှိက ဆက်ပြောပါတယ်။

ငါးဖမ်းသင်္ဘောတွေဟာ ဟွန်ဒူးရပ်စ် ကမ်းလွန်ပင်လယ်ပြင်မှာ ကျောက်ပုစွန်ဖမ်းလေ့ ရှိကြပါတယ်။

ရာသီဥတု ဆိုးရွားတာကြောင့် ဗုဒ္ဓဟူးနေ့မှာပဲ အဲဒီကမ်းလွန်ပင်လယ်ပြင်မှာ နောက်ထပ် ငါးဖမ်းသင်္ဘောတစီး တိမ်းမှောက်ခဲ့ပါတယ်။

ဒါပေမယ့် သင်္ဘောပေါ်မှာပါတဲ့သူ ၄၉ ယောက်စလုံးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

၂၀၁၈ ခုနှစ်မှာ ဟွန်ဒူးရပ်စ်နိုင်ငံရဲ့ ကျောက်ပုစွန်တင်ပို့မှု ပမာဏ အမေရိကန်ဒေါ်လာ ၄၆ သန်းရှိပြီး အမေရိကန်နိုင်ငံကို အဓိကပို့တယ်လို့ တရားဝင်အချက်အလက်တွေက ဖော်ပြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular