Home
မြန်မာသတင်း
ဝက်လက်မြို့နယ်တွင်  ဆရာ၊ဆရာမ မလုံလောက်သဖြင့် ကျောင်းသားများ အခက်​ကြုံနေ
DVB
·
July 5, 2019
စစ်​ကိုင်းတိုင်း​၊ ဝက်​လက်​မြို့နယ်​၊ ယင်းမ​တော​ကျေးရွာမှာ အ​ခြေခံပညာ မူလတန်းက​နေ မူလတန်းလွန်​ကျောင်းအဖြစ် အခုနှစ်မှာ အဆင့်​တိုးမြှင့်​​ ပေးထားပေမယ့် ဆရာ ဆရာမ မလုံလောက်လို့ ​ကျောင်းသား​ကျောင်းသူ ၈၀ ​ကျော်​ဟာ ပညာသင်​ကြားရာမှာ အခက်​ကြုံ​နေ တယ်​လို့ ​ ဒေသခံ​တွေဆီကသိရပါတယ်​။ အဆိုပါကျောင်းမှာ KG တန်းက​နေ ဆဋ္ဌမတန်းအထိ​ သင်​​ပေး​နေရတာဖြစ်​​ပေမယ့် အစိုးရခန့်​ ဆရာမ ၄ ဦးနဲ့ ရွာကငှားထားတဲ့ဆရာမ ၂ ဦး စုစု​ပေါင်းမှ ဆရာမ ၆ ဦးပဲရှိတယ်​လို့​ ကျောင်းအုပ်​ဆရာမဆီက သိရပါတယ်​။ “စနစ်​သစ်​သင်​ကြားမှုပုံစံနဲ့က ဆရာ/ဆရာမ အင်​အားပြည့်​စုံမှ က​လေး​တွေအတွက်​ သင်​ကြား​ရေးမှာ ထိ​ရောက်​​အောင်မြင်မှာပါ” လို့ ​ကျောင်းအုပ်​ဆရာမ​ဒေါ်မာ​ရွှေက​ပြောပါတယ်​။ ဆရာ ဆရာမ ပြည့်​စုံ​အောင်​ခန့်​ထားနိုင်​​ရေး မြို့နယ်​ပညာ​ရေးမှူးရုံးကို ​မေးမြန်းရာမှာ​တော့ မြို့နယ်​ ဒု ပညာ​ရေးမှူး ဦးဝင်းအုပ်​က “ဆရာ/ဆရာမ ခန့်​ထား​ရေးက တိုင်းပညာ​ရေးမှူးရုံးက လုပ်​တာဖြစ်​လို့ ကျ​နော်​တို့အ​နေနဲ့ က​တော့ လိုအပ်​ချက်​​တွေကိုပဲတင်​ပြ​တောင်းခံရတာပါ”လို့ ပြောပါတယ်​။ ယင်းမ​တောရွာသား ဦးသန်း​အောင်​က​ “ဟိုအတန်း​ပြေးရ ဒီအတန်း​ပြေးရ​ မောနေ​အောင်​ သင်​​ပေး​နေရတာဆို​တော့ ဆရာမ​လေးတယောက်​ဆို ငိုယူရတယ်​။ ဒါနဲ့ဆရာမရယ်​ ကျနော်တို့ အတတ်​နိုင်​ဆုံကြိုးစာပြီး အထက်​ကို တင်​ပြကြည့်​ပါအုံးမယ်​လို့​ ပြောထားရတာ”လို့ ပြောပါတယ်​။ ဝက်​လက်​မြို့နယ်​အတွင်းမှာ မူလတန်း​ကျောင်းသား​/သူ ၁၆၆၄၆ ဦး၊ အလယ်​တန်း​ ကျောင်းသား/သူ ၁၁၀၉၀ ဦးနဲ့ အထက်​တန်း ​ကျောင်းသား​/သူ ၃၄၁၆ ဦး စုစု​ပေါင်း ​ကျောင်းသား​ကျောင်​သူ​ပေါင်း ၃၁၁၅၂ ဦးရှိပြီး ဆရာ ဆရာမ စုစု​ပေါင်းက​တော့ ၁၇၈၆ ​ယောက်​နဲ့ ​နေ့စားဆရာမ ၁၈ ​ယောက်​ရှိတယ်​လို့ မြို့နယ်​ပညာ​ရေးမှူးရုံးကသိရပါတယ်​။။ သတင်း- ​အောင်​စံလင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024