မန်စီးတီးက အသင်း၏ စံချိန်တင် ပြောင်းရွှေ့ကြေးပေပြီး ရိုဒရီကို ခေါ်ယူ

မန်ချက်စတာစီးတီးအသင်းက ကွင်းလယ်သမား ရိုဒရီကို အက်သလက်တီကို မက်ဒရစ်အသင်းကနေအသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၆၂.၈ သန်းပေးပြီး ခေါ်ယူလိုက်ပါတယ်။ အရင်တုန်းက မန်စီးတီးက မာရက်ဇ်ကို လက်စတာကနေ ပေါင်သန်း ၆၀ နဲ့ ခေါ်ယူထားတဲ့ စံချိန်ကို ချိုးပြီး ရိုဒရီကို ခေါ်ယူလိုက်တာပါ။ အသက် ၂၃ နှစ်အရွယ် စပိန်ကွင်းလယ်သမားဟာ အက်သလက်တီကို မက်ဒရစ်ကို ၂၀၁၈ မှာ ရောက်ရှိခဲ့တာပါ။ ကွင်းလယ်သမား ရိုဒရီဟာ စပိန်လက်ရွေးစင်အတွက် ပွဲဦးထွက်အဖြစ် ပြီးခဲ့တဲ့နှစ် ဂျာမနီနဲ့ ခြေစမ်းပွဲမှာ ကစားခဲ့ပါတယ်။ သူဟာ ကွင်းလယ်မှာ ခံစစ်အတွက်ပါ လိုက်ပါကစားနိုင်သူဖြစ်ပြီး စပိန်လက်ရွေးစင် အသင်းအတွက်တော့ ၆ ပွဲ ကစားခွင့် ရထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up