Home
မြန်မာသတင်း
တပ်တွင်းပုန်ကန်မှုဖြစ်နိုင်သဖြင့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို တရားစွဲဟုတပ်မတော်အရာရှိ ထွက်ဆို 
DVB
·
July 4, 2019
65655731_2434966303405848_8292921566073716736_n
66206536_2434966363405842_5398220351391924224_n
62648569_2434966396739172_5469381590050144256_n
တပ်မတော်အတွင်း ပုန်ကန်မှုတွေဖြစ်ပေါ်လာနိုင်တဲ့အတွက် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ကျောင်းသားလူငယ်တွေကို တရားစွဲဆိုရတာဖြစ်တယ်လို့ တရားလိုပြသက်သေ တပ်မတော်အရာရှိက တရားရုံးမှာ ထွက်ဆိုလိုက်ပါတယ်။ တပ်မတော်က တရားစွဲထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ၅ဦးကို ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဇူလိုင် ၃ ရက်က ရုံးထုတ်စစ်ဆေးရာမှာ တရားလိုပြသက်သေ အဖြစ် ရန်ကုန်တိုင်းစစ်ဌာနချူပ်က တပ်မတော်အရာရှိ ၂ ဦးကို စစ်ဆေး မေးမြန်းရာမှာ ပြောကြားသွားတာပါ။  ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို တရားစွဲဆိုရတာဟာ သူတို့ ဖျော်ဖြေခဲ့တဲ့ သံချပ်စာသားတွေနဲ့ပတ်သက်ပြီး တပ်တွင်းပုံကန်မှုတွေ ဖြစ်ပေါ်လာနိုင်တဲ့အတွက် အခုလို တရားစွဲဆိုရတာ ဖြစ်တယ်လို့ တပ်မတော်အရာရှိက တရားခွင်မှာထွက်ဆိုခဲ့ကြောင်း သံချပ်အဖွဲ့ဝင်တွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ရှေ့နေက ပြောပါတယ်။ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေဟာ တပ်မတော်ကိုထိခိုက်တဲ့စာသားတွေကို သံချပ်ထိုးခဲ့တယ်ဆိုပြီး  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ တရားရင်ဆိုင်နေရတာပါ။ လက်ရှိမရမ်းကုန်းမြို့နယ် တရားရုံးမှာ သံချပ်အဖွဲ့ဝင်တွေဖြစ်တဲ့ ပိုင်ရဲသူ၊ ဖိုးသား၊ ဇေယျာလွင်၊ ပိုင်ဖြိုးမင်းနဲ့ ကေခိုင်ထွန်းတို့ကို တရားစွဲဆိုထားပြီး ဗိုလ်တထောင်မြို့နယ် တရားရုံးမှာလည်း သူတို့ ၅ ဦးအပါအဝင် အဖွဲ့ဝင် ၇ ဦးကို  ပုဒ်မ ၅၀၅(ခ)နဲ့ တရားစွဲဆို ထားပါတယ်။  ချမ်းမြေ့မောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024