DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြသူများကို အကြမ်းမဖက်ရန်နှင့် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ၈၈ မျိုးဆက် တောင်းဆို
DVB
·
November 26, 2012
ဆန္ဒပြသူများကို အကြမ်းမဖက်ရန်နှင့် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ၈၈ မျိုးဆက် တောင်းဆို
Donate to DVB

မိုးထိမိုးမိရွှေလုပ်သားတွေအပေါ် တာဝန်ရှိသူတွေရဲ့ ကိုင်တွယ်ဆောင်ရွက်မှုအပေါ် ၈၈ မျိုးဆက်ကျောင်းသားတွေက ဝေဖန်လိုက်သလို လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကိုလည်း ရပ်တန့်ထားဖို့ တောင်းဆိုလို်က်ပါတယ်။

ဒီနေ့ ရန်ကုန်မြို့က ၈၈ မျိုးဆက်ကျောင်းသားများရဲ့ အရေးပေါ်သတင်းစာရှင်းလင်းပွဲမှာ ဦးဂျင်မီနဲ့ ဦးအောင်သူတို့က ရှင်းလင်းလိုက်တာဖြစ်ပါတယ်။

[caption id="attachment_33548" align="alignleft" width="300" caption="ယနေ့ ညနေ ၃း၃၀ နာရီတွင် ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်း၌ သတင်းစာရှင်းလင်းပွဲ ကျင်းပနေစဉ်"][/caption]

ဒီဖြေရှင်းပုံဟာ ပြဿနာတွေကို ပိုမိုရှုပ်ထွေးလာစေနိုင်ပြီး နိုင်ငံတော်ရဲ့ အသွင်ကူးပြောင်းမှုကိုပါ တစိတ်တပိုင်း နှောင့်နှေးထိခိုက်စေမှာကို စိုးရိမ်ကြောင်း ပြောဆိုကြပါတယ်။

ဒီအခင်းဖြစ်နေမှုကို တိုင်းဒေသကြီးအစိုးရက ဖြေရှင်းရုံနဲ့ မလုံလောက်ဘဲ ပြည်ထောင်စုအစိုးရ သတ္တုတွင်းဝန်ကြီးဌာနက အမြန်ဆုံးပြေလည်အောင် ညှိနှိုင်းဖို့ လိုတယ်လို့ တောင်းဆိုခဲ့ကြပါတယ်။

ဖမ်းဆီးထားသူ ၄ ဦးကိုလည်း ပြန်လည်လွှတ်ပေးခြင်းအားဖြင့် တင်းမာမှုကို ဖြေလျော့စေမှာ ဖြစ်တယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။

၈၈ မျိုးဆက်ကျောင်းသား ကိုဇော်မင်းက “အဖမ်းခံရတဲ့လူတွေက ရိုက်နှက်ဖမ်းဆီးခြင်း ခံရတယ်လို့ ကြားရတယ်။ ရိုက်နှက်သူတွေထဲမှာ အရပ်ဝတ်တွေ အများကြီး ပါနေတယ်၊ သူတို့တပ်ဖွဲ့ဝင်တွေလို့တော့ ပြောတယ်။ ဒီလူတွေနဲ့ ပတ်သက်ပြီး အစိုးရက တရားဥပဒေရှုထောင့်ကထက်စာရင် လူမှုရေးစာနာမှုရှုထောင့်နဲ့ ညင်ညင်သာသာ ကိုင်တွယ်ဖြေရှင်းပေးဖို့၊ သူတို့ကို ညှိနှိုင်းဖြေရှင်းပေးခြင်းဖြင့် သူတို့ရဲ့ ဆန္ဒတွေကို ထိန်းညှိဆောင်ရွက်ဖို့ မေတ္တာရပ်ခံတာပါ။ တိုက်တွန်းတာပါ။ မဟုတ်ရင် ထပ်ကြာလာရင် ပိတ်မိပြီး ဖမ်းဆီးတာ ရိုက်နှက်တာတွေ ထပ်ပေါ်လာရင် မကောင်းဘူး။ မီဒီယာကို ကျနော်တို့ရဲ့ သဘောထားထုတ်ပြန်တာပါ။”

ရိုက်နှက်ဖမ်းဆီးခံရတဲ့ ဆန္ဒပြခေါင်းဆောင် ၄ ဦးကို တောင်ငူထောင်တွင်းအချုပ်မှာ ထားရှိပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ ရေတာရှည်မြို့နယ်အုပ်ချုပ်ရေးမှူးက တရားစွဲဆိုပြီး နိုဝင်ဘာ ၃၀ ရက်နေ့ကို ရုံးထုတ်ဖို့ ချိန်းဆိုထားပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်ကလည်း လက်ပန်းတောင်းတောင် ကိစ္စဟာ မြေယာအရေးတင်မဟုတ်တော့ဘဲ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကြီးမားတဲ့ ပြဿနာတွေနဲ့ သာသနာရးကိစ္စရပ်တွေပါ ပါလာပြီဖြစ်လို့ လွှတ်တော်မှာ သဘောတူထားတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းဆောင်ရွက်တဲ့ကာလမှာ စီမံကိန်းကို ရပ်ဆိုင်းထားသင့်တယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013