Home
မြန်မာသတင်း
ထန်းတပင်နှင့် လှည်းကူးတွင် တည်ဆောက်မည့် စက်မှုဥယျာဉ်စီမံကိန်း လွှတ်တော်တင်ပြ
အာကာ
·
July 3, 2019
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်နဲ့ လှည်းကူးမြို့နယ်အတွင်းရှိ မြေဧက ၃၅၀၀ ကျော်ပေါ်မှာ အကောင်အထည်ဖော်မယ့် စက်မှုဥယျာဉ်စီမံကိန်းတွေကို တိုင်းအစိုးရက လွှတ်တော်မှာ တင်ပြလိုက်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဇူလိုင်လ ၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကိုယ်စား ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက  စီမံကိန်း ၂ ခုကို တင်ပြခဲ့တာပါ။ စက်မှုဥယာဉ်စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်မှာ ၂၂၂၀.၈၂ ဧကနဲ့ လှည်းကူးမြို့နယ်မှာ ၁၃၄၆.၅၇ ဧက တို့ပေါ်မှာ ဖော်ဆောင်သွားမှာဖြစ်ပါတယ်။ အကောင်အထည်ဖော်မယ့် စီမံကိန်းဧရိယာဟာ လယ်မြေတွေဖြစ်ပြီး ဒီလယ်မြေတွေကို ဥပဒေနဲ့အညီ သိမ်းယူပြီး ၂၀ ရာခိုင်နှုန်းကို မြို့မြေအနေနဲ့ မူလပိုင်ရှင်တွေကို ပြန်ပေးသွားမယ်လို့  ဆိုပါတယ်။ ဒီစီမံကိန်းတွေအတွက် တိုင်းဒေသကြီးအစိုးရက ဒေသခံတွေနဲ့ တွေ့ဆုံညှိနှိုင်းခဲ့ပြီး လယ်မြေဧက ၃၅၀၀ ကျော် ပိုင်ဆိုင်တဲ့ လယ်သမားတွေက တဦးမှ ကန့်ကွက်တာ မရှိဘူးလို့ ဝန်ကြီးက ရှင်းလင်းပါတယ်။ စက်မှုဥယျာဉ်စီမံကိန်း ၂ ခုနဲ့ ပတ်သတ်ပြီး ဆွေးနွေးလိုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အမည်စာရင်း တင်သွင်းဆွေးနွေးကြဖို့  လွှတ်တော်ဥက္ကဋ္ဌက ကြေညာထားပါတယ်။ ဒီစီမံကိန်း ၂ ခုဟာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်ပြင်ပ မြို့နယ် ၁၁ ခုမှာ အကောင်အထည်ဖော်မယ့် စက်မှုဇုန် ၁၁ ခုထဲက ၂ ခုဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024