DVB Logo
Home
Lead Story
ကွန်ပြူတာအထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားသည့် မြန်မာသိပ္ပံရုပ်ရှင်-အနန္တ(နမူနာ)
DVB
·
July 2, 2019
ကွန်ပြူတာအထူးပြုလုပ်ချက်တွေနဲ့ ရိုက်ကူးထားသည့် မြန်မာသိပ္ပံရုပ်ရှင်-အနန္တ(နမူနာ)
Donate to DVB

ထူးခြားတဲ့ ဖန်တီးတင်ဆက်ပုံတမျိုးနဲ့ ရှုစားကြရမယ့် မြန်မာရုပ်ရှင်ကား အနန္တကို လာမယ့် ဇူလိုင်လ ၄ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

     ဒီကားကိုတော့ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးပုံဖော် ပေးထားတာဖြစ်ပြီး ညကျောင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာ ဖြစ်ပါတယ်။

  ဒီရုပ်ရှင်ကားကတော့ မြန်မာရုပ်ရှင်ကားတွေထဲ ထူးခြားတဲ့ သိပ္ပံရုပ်ရှင်ကားတကား ဖြစ်လာမှာဖြစ်ပြီး CGI အထူးပြုလုပ်ချက်တွေနဲ့ အချိန်နှစ်နဲ့ချီ သေသေချာချာ ပြင် ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါရိုက်တာ ညိုမင်းလွင်ကတော့ ဒီဇာတ်လမ်းရဲ့ အစဟာ ၂၀၁၀ လောက်က အစောဆုံးကျောက်ဖြစ်ရုပ်ကြွင်းက မြန်မာမှာစတွေ့တယ်ဆိုတဲ့ မဂ္ဂဇင်းဆောင်းပါး တပုဒ်ကို စဖတ်ရာကနေ စိတ်ကူးရခဲ့တာလို့ အင်တာဗျူးတခုမှာ ဖြေခဲ့ဖူး ပါတယ်။ ဒါကို အခြေခံပြီး ထူးခြားတဲ့ တင်ဆက်ပုံတွေနဲ့ မြန်မာသိပ္ပံကားတကားအနေနဲ့ ဘယ်လိုပုံဖော်ရိုက်ကူးထားမလဲ ဆိုတာကိုတော့ ပရိသတ်တွေက မကြာခင်မှာ ရှုစားကြရ တော့မှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာ ထူးခြားတာကတော့ ၀ါရင့်နာမည်ကြီးသရုပ်ဆောင်တွေ အများကြီး မပါဝင်ပဲ သရုပ်ဆောင်အသစ်တွေကို အသုံးပြုထားတာ ဖြစ်ပါတယ်။

ဒီကားထဲမှာ အဓိက သရုပ်ဆောင်တွေအနေနဲ့  ဖြိုးငွေစိုး၊ စိုင်းလွှမ်း၊ နေဝင်း၊ ကျော်ကိုကိုဝေ၊ နန်းဆုဦး၊ သက်ထားဝေဇင်တို့က ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

ဒီကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်နေ့က ရန်ကုန်မြို့၊ သမ္မ တရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

     လတ်တလောမှာတော့ ဒီရုပ်ရှင်ကားဟာ ရုံမတင်ခင်ကတည်းက ပရိသတ်တွေ ကြားမှာ ရေပန်းစားနေပြီး ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ဇာတ်ကား ဖြစ်လာ နိုင်မလား၊ ဘယ်လိုဝေဖန်မှုတွေ ရှိလာနိုင်မလဲဆိုတာကိုတော့ အားလုံးက ထပ်မံစောင့် ကြည့်ရဦးမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013