လူသားကောင်းကျိုးအတွက် သားငယ်ကို ဂူဂဲလ်ဟု နာမည်ပေးခဲ့သည့် အင်ဒိုနီးရှားမိဘနှစ်ပါး

အင်ဒိုနီးရှားမိဘနှစ်ပါးက သူတို့ရဲ့သားလေးကို ဂူဂဲလ် (Google) လို့ ထူးထူးဆန်းဆန်း နာမည်ပေး ခဲ့တယ်လို့ OC သတင်းမှာဖော်ပြပါတယ်။  အရှေ့နာမည်၊ မျိုးရိုးနာမည်တွေတောင်မပါဘဲ ဂူဂဲလ်လို့နှစ်လုံးထဲ ပေးခဲ့တာဖြစ်ပြီး ဒါဟာ ကမ္ဘာပေါ်မှာအထူးခြားဆုံးနာမည်အဖြစ် မှတ်တမ်းဝင်ဖို့ရှိနေပါတယ်။  ကလေးငယ်လေးရဲ့ အသက် ၃၁ နှစ်အရွယ်ဖခင်ဖြစ်သူ ဒီလိုနာမည်ပေးခဲ့တာပါ။ ဆာပူထရာလို့ခေါ် တဲ့ဖခင်ဖြစ်သူက သူ့ဇနီးကိုယ်ဝန်ခုနစ်လမှာ သားလေးအတွက် နာမည်တခုကို စဉ်းစားခန်းဖွင့်ခဲ့ပြီး နည်းပညာ ကုမ္ပဏီတွေပတ်သက်တဲ့ “Window၊ iPhone၊ Mocrosoft နဲ့ iOS” တို့လို ထူးထူးခြားခြားနာမည်တွေပေးရင် ကောင်းမယ်လို့ အတွေးခဲ့ရပါတယ်။ အဲဒါကြောင့်နောက်ဆုံးမှာတော့ ကလေးလေးကို ဂူဂဲလ်လို့နာမည်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ဒီနာမည်က သူ့သားလေးအတွက် ကောင်းမွန်တဲ့အရာတွေ ဖြစ်စေလိမ့်မယ်လို့လည်း ယုံကြည် ထားပါတယ်။  ဆာပူထရာက ကလေးရဲ့မွေးစာရင်းမှာလည်း ဂူဂဲလ်ဆိုတဲ့နာမည်ကိုပဲ ထည့်သွင်းထားတာဖြစ်ပြီး အရှေ့စာလုံးတွေ၊ မျိုးရိုးနာမည်တွေမထည့်တာက ဂူဂဲလ်ဆိုတဲ့ စကားလုံးကို မှေးမှိန်သွားစေမှာ စိုးရိမ်လို့ဖြစ် တယ်လို့လည်း ဒေသတွင်းမီဒီယာတွေကို ပြောပါတယ်။  ကလေးအမေကတော့ ဒီနာမည်ကို အစပိုင်းကမနှစ်သက်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သဘောကျလာတယ်လို့ ဝန်ခံပါတယ်။  “Google ဝက်ဘ်ဆိုက်က လူသားတွေအတွက် အရမ်းကိုအသုံးဝင်ပါတယ်။ ပြီးတော့ သူဟာလူသာတွေ ဝင်ရောက်ရှာဖွေမှုအများဆုံး ကမ္ဘာ့နံပါတ်တစ် ရှာဖွေရေးဝက်ဘ်ဆိုက်ပါ။ ဒီလိုပဲကျနော့်သားလေး ဂူဂဲလ်ဟာလဲ လူသားတွေရဲ့ကောင်းကျိုးကိုသယ်ပိုးနိုင်တဲ့လူ တစ်ယောက်ဖြစ်လာပါလိမ့်မယ်” လို့ ဂူဂဲလ်ရဲ့မိဘတွေကပြောပါတယ်။  ရှစ်လသားလေးရဲ့ နာမည်ကြောင့် သူတို့ကိုအိမ်နီးချင်းတချို့က နောက်ပြောင် နေကြကြောင်းလည်း ဂူဂဲလ်ရဲ့မိဘတွေက ဆက်လက်ပြောပြပါတယ်။  Ref: OC 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up