၁၂ ဘီးယာဉ် လက်ဖက်ရည်ဆိုင်ဝင်တိုက်၊ ၁ ဦးသေ ၇ ဦးဒဏ်ရာရ

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာ ၁၂ ဘီးယာဉ်တစီး အရှိန်မထိန်းနိုင်ဘဲ လက်ဖက်ရည်ဆိုင်ဝင်တိုက်တာကြောင့် ၁ ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကျောက်ပန်းတောင်းမြို့နယ်၊ အောင်မင်္ဂလာ ရပ်ကွက်၊ ကျောက်ပန်းတောင်း- မိတ္ထီလာသွားကားလမ်း မိုင်တိုင်(၅၉/၃) အနီးမှာ ဇွန် ၃၀ ရက်နေ့ ညနေပိုင်းက အောင်ပြည့်ဖြိုး(ခ)အောင်အောင် မောင်းနှင်ပြီး ၁၂ ဘီးယာဉ်က အရှိန်မထိန်းနိုင်ဘဲ "ခန့်" လက်ဖက်ရည်ဆိုင်အား ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။ ယာဉ်တိုက်မှုကြောင့် လက်ဖက်ရည်ဆိုင်အတွင်းရှိ ဦးတင်မိုး (၆၇) နှစ်မှာ နဖူး၊ ရင်ဘတ် ဖူးရောင်ပေါက်ပြဲဒဏ်ရာတွေနဲ့ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့ကြတဲ့ လက်ဖက်ရည်ဆိုင်အတွင်းက ၄ ဦးနဲ့ ယာဉ်ပေါ်ပါ ၃ ဦးတို့ကို ကျောက်ပန်းတောင်းပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့ညပီး ၁ ဦး စိုးရိမ်ရတယ်လို့ သိရပါတယ်။  အောင်ပြည့်ဖြိုး(ခ)အောင်အောင်အား ကျောက်ပန်းတောင်းမြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇ (ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/သာမန်နာကျင်စေမှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up