Home
မြန်မာသတင်း
ရာသီဥတုဆိုးရွားသဖြင့် စစ်တွေဆင်းမည့် လေယာဉ် ၂ စီး ရန်ကုန်ပြန်လှည့်
DVB
·
July 1, 2019
65700477_820677184954957_710618848977485824_n
65830414_820677094954966_1444912184755748864_n
65643199_820677041621638_1509804776911536128_n
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒီကနေ့ မနက်ပိုင်းက ရာသီဥတုဆိုးရွားနေတာကြောင့် စစ်တွေလေဆိပ်ကို လေယာဉ် ၂ စီး ဆင်းသက်လို့မရဘဲ ရန်ကုန်ကို ပြန်လှည့်သွားရပါတယ်။ စစ်တွေ လေကြောင်းတာဝန်ရှိ ရဲအရာရှိတဦးက “ဒီကနေ့ မနက်က နှစ်စီးပြန်လှည့်သွား ရတယ်။ Yangon Airway နဲ့ Golden Myanmar နှစ်စီးစလုံး ပြန်လှည့်ရတယ်။ ဆင်းလို့က မရနိုင်ဘူးလေ။ လေတွေအများကြီးတိုက်လွန်းတော့ ဆင်းသက်တဲ့အခါ လေယာဉ်နဲ့ ပြေးလမ်းနဲ့ ချော်သွားမှာစိုးလို့။ ကောင်းကင်ထက်က လှည့်ပြီးပြန်သွားတယ်။ ဆင်းလို့တောင် မမြင်ရဘူးလေ။ဒီနေ့ မနက်ကဆိုရင်”လို့ ပြောပါတယ်။ ရန်ကုန်ကနေ စစ်တွေကို တနေ့မှာ လေယာဉ် ၇ စီးလောက် ပုံမှန်ပြေးဆွဲနေပြီး ဒီကနေ့မှာတော့ အဲ့ဒီနှစ်စီးဟာ ပြန်လှည့်သွားရသလို နောက်ထပ် စစ်တွေကိုလာမယ့် လေကြောင်းတွေကိုလည်း ရပ်နားထားတယ်လို့ ဆိုပါတယ်။  ဒါကြောင့် ရန်ကုန်ကနေ စစ်တွေကို ပြန်လာကြမယ့် ခရီးသည်တွေဟာလည်း ရန်ကုန်လေဆိပ်မှာ သောင်တင်နေတယ်လို့ ခရီးသည်တွေက ပြောပါတယ်။ “ကျနော်တို့က ထွက်လို့မရဘူးဖြစ်နေတယ်။ စစ်တွေမှာ ကွင်းပိတ်ထားတယ်ပြောလို့လေ။ ကြေတော့ မကြေညာဘူး။ ရာသီဥတု အခြေနေမကောင်းလို့ နည်းနည်းနောက်ကျမယ်။ အဲ့လောက်ပဲ။ နှစ်စီးပြန်လှည့်လာတယ်။ အခုက လူတွေဒီမှာ အများကြီးဖြစ်နေပြီ” လို့ ရန်ကုန် လေဆိပ်မှာ သောင်တင်နေတဲ့ ခရီးသည် ကိုဇ်ာဝင်းဌေးက ပြောပါတယ်။ ဒီနေ့မြန်မာစံတော်ချိန် မနက်ပိုင်းတိုင်း ထွာချက်တွေအရ ဘင်္ဂလားပင် လယ်အော်အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာကာ နောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်ကို ရောက်ရှိနိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။ ရန်ကုန်မှ ရခိုင်ကမ်းရိုးတမ်းတလျှောက်ဒီကနေ့ မွန်းတည့်ကနေ နောက် ၂၄ နာရီအတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ပြီး ဒေသအလိုက်မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ရခိုင်ပြည်နယ်ဟာ ကမ်းရိုးတမ်းဒေသတခုဖြစ်တဲ့အလျောက် နှစ်စဉ်နှစ်တိုင်း မိုးရာသီမှာ ရာသီဥတု ဆိုးရွားလေ့ရှိတဲ့ ဒေသလည်း ဖြစ်ပါတယ်။ ဝဏ္ဏခွာညို  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024